ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှအမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရ

ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှအမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လက်နက်ကြီးကျည်စထိမှန်ခဲ့သူမှာ မျောက်တောင်ကျေးရွာမှ မဆန်းဆန်းဌေး (၂၅)နှစ်ဖြစ်သည်။

 ဖေဖော်ဝါရီလ ၁ဝ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် ၎င်း၏နေအိမ်အတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လည်ကုတ်တွင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပစ်သံတွေကြားတော့ ဗုန်းခိုကျင်းထဲ ဝင်နေကြတာပါ။ အဲဒီမှာ အိမ်ကို လက်နက်ကြီးကျလာပြီး အိမ်တိုင်ကို ထိတယ်။ အဲဒီကတဆင့် ကျွန်တော့်အမျိုးသမီးဆီ မှန်တာပါ။ အခု ကျောက်တော်ဆေးရုံမှာပါ။ သွေးတွေတော့ အများကြီးထွက်ပါတယ်။ ကျည်စ အထဲမှာမကျန်ခဲ့ဘူးလို့ဆေးရုံကပြောပါတယ်။”ဟု ဒဏ်ရာရသူ မဆန်းဆန်းဌေး၏ အမျိုးသားဖြစ်သူ ကိုမောင်မောင်သန်းက ပြောသည်။

အဆိုပါကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဟုလည်း မျောက်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှစိန်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ချောင်းကြောင်းအတိုင်းပစ်ပြီးဆင်းလာတာ။ ရွာက ကောင်မလေးတစ်ယောက်အိမ်ကို လက်နက်ကြီးထိပြီး သူ့ဆီ ကျည်စ မှန်တာပါ။ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဒီလိုပစ်ပြီးလာတာပါ။”ဟု ဦးအောင်လှစိန်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...