ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား

ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် အငူမော်ကျေးရွာအနီး ဖေဖော်ဝါရီ ၈  ရက်က  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာနှင့် သာစည်ကုန်းကျေးရွာတို့အကြားတွင်  နံနက် ၈ နာရီခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနက် ၈ နာရီလောက်က ပစ်နေတာ။ တဖောင်းဖောင်းနဲ့ ပစ်ခတ်သံတွေ ကြားရပါတယ်။ ကျွန်တော်တို့ရွာနဲ့ နီးနီးလေးပါပဲ။ လက်နက်ကြီးနဲ့လည်း လှမ်းပစ်ပါတယ်” ဟု သာစည်ကုန်းကျေးရွာမှ ဦးသိန်းစိန်မောင်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ သာစည်ကုန်းကျေးရွာအနီး ၁ မိုင်ခန့်အကွာရှိ တောင်ဦးဘုရားအနီး တောင်တန်းများ၌ ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများဖြစ်နေစဉ် စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာရှိ တပ်ရင်းကလည်း လက်နက်ကြီး ၅ ကြိမ်ခန့် လှမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အရင်တုန်းကလည်း အခု ပစ်ခတ်မှုတွေဖြစ်တဲ့ နေရာမှာ တိုက်ပွဲဖြစ်ခဲ့တာ ၄ ကြိမ်၊ ၅ ကြိမ်လောက် ရှိပါတယ်။ အခုက သေနတ်ငယ် အသံလိုမျိုးပေါ့နော်။ စက်သေနတ်ပုံစံမျိုး ကြားပါတယ်။ ပါဒလိတ်ရွာဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပါတယ်။ ပါဒလိတ်က လှမ်းပစ်တဲ့တပ်ရင်းက ၃၄၄ တပ်ရင်းလို့လည်း ပြောတယ်။ ၂၃၂ တပ်ရင်းလို့လည်း ပြောပါတယ်” ဟု အငူမော်ကျေးရွာမှ ဦးဖိုးညွန့်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အငူမော်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာနှင့် ၂ မိုင်ခန့် ဝေးကွာပြီး ပစ်ခတ်မှုမှာ ဖေဖော်ဝါရီ ၈ နံနက် ၁၁ နာရီခွဲခန့်က ရပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းထံ ဆက်သွယ်ခဲ့သော်လည်း ၎င်းအနေဖြင့် တိုက်ပွဲသတင်းများကို မသိရကြောင်း ပြောသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...