ရမ်းဗြဲ NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိဟု AA ငြင်းဆို

ရမ်းဗြဲ NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိဟု AA ငြင်းဆို

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဖမ်းဆီးခေါ်ဆောင်ထားခြင်းမရှိဟု ရက္ခိုင့်တပ်တော်(AA)က ငြင်းဆိုလိုက်သည်။

“သေချာတာကတော့ ဦးဇေယျာမင်းကို ကျနော်တို့ဘက်က ထိန်းသိမ်းထားတာ လုံးဝမဟုတ်ဘူး။ ကျနော်တို့လည်း အောက်ခြေကို မေးကြည့်ပြီးပြီ။ ကျနော်တို့ဘက်က အဲလိုထိန်းသိမ်းတဲ့ ဖြစ်စဉ်မျိုးမရှိဘူး”ဟု AA ၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဦးဇေယျာမင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရမ်းဗြဲမြို့နယ် သနပ်ကုန်းကျောက်ဆောင်ကျေးရွာ၌ AA တပ်ဖွဲ့ဝင် ၈ ဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က စွပ်စွဲပြောဆိုခြင်းနှင့်ပတ်သက်ပြီး AA က ထိုသို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်ဆိုတိုင်း  လက်နက်ကိုင်ထားတိုင်း အေအေ လို့ပြောလို့တော့မရဘူး။  အခု မြန်မာစစ်တပ်တွေက ရခိုင်ပြည်နေရာအနှံ့မှာ အရပ်ဝတ်တွေနဲ့သွားနေတဲ့ ဥစ္စာအများကြီးရှိတယ်” ဟု ဦးခိုင်သုခက ပြောသည်။

မြန်မာ့စစ်တပ်ဘက်က စစ်ဘက်ထောက်လှမ်းရေးများကလည်း အရပ်ဘက်တွင် အများကြီးရှိနေကြောင်း၊ ရခိုင်ပြည်သူတွေကြားထဲတွင် ထင်ယောင်ထင်မှား ဖြစ်အောင် မြန်မာစစ်တပ်ဘက်က ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အခြားတစ်ဘက်တွင် လက်ရှိ NLD အစိုးရနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြားတွင် ပိုပြီးတင်းမာမှုဖြစ်လာစေရန် မြန်မာစစ်တပ်ဘက်က ဖန်တီးခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း အေအေ ပြောခွင့်ရ ဦးခိုင်သုခ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခြင်းရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့ထံ နိရဥ္စရာသတင်းဌာနက ဖေဖော်ဝါရီ  ၉ ရက် နေ့လယ် ၁ နာရီခွဲခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် တပ်ဘက်က တုံ့ပြန်မှုကိုတင်ပြပေးနိုင်ခြင်းမရှိသေးပါ။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...