အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံ ရေးဆွဲရေး အမြန်ဆုံး စတင်ရန် ANPCC အဖွဲ့ တိုက်တွန်း

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံ ရေးဆွဲရေး အမြန်ဆုံး စတင်ရန် ANPCC အဖွဲ့ တိုက်တွန်း

အောင်လင်းထွန်း — အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ  အခြေခံဥပဒေရေးဆွဲရေး အမြန်ဆုံးစတင်ရန် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့ (ANPCC)က သတင်းထုတ်ပြန်တိုက်တွန်းလိုက်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တွင်ကျင်းပပြုလုပ်ခဲ့သော ရခိုင် အမျိုးသားအဆင့် မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ညှိနှိုင်းပေါင်းစပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် ယင်းသို့ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ  ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့ (ANPCC)မှ ညှိနှိုင်းရေးမှူး ဦးထွန်းဇော်က “ဒီတိုင်းပြည်ရဲ့ဖွဲ့စည်းပုံကို ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံတရပ်နဲ့ အစားထိုးဖို့ လိုအပ်နေတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ အင်္ဂါရပ်မှာ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက်ရှိတဲ့ တိုင်းရင်းသား ပြည်နယ်၊ ပြည်ထောင်လို့ ကျနော်တို့ သုံးတယ်။ ပြည်ထောင်စုဆိုတာ ကျနော်တို့ ပြည်ထောင်တွေနဲ့ စုစည်းထားတဲ့ ပြည်ထောင်စု ဖြစ်တယ်။ အဲဒါကြောင့် ဒီပြည်ထောင်စုမှာပါဝင်တဲ့ အဖွဲ့ဝင်ပြည်ထောင်များရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလည်း ရှိထားဖို့လိုအပ်တယ်” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းပြည်ရဲ့ ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာက ကျနော်တို့ တိုင်းပြည်စတည်ထောင်ကတည်းက ဖြစ်လာတဲ့ကိစ္စဖြစ်တယ်။ အဲဒါကြောင့် ဒီဖွဲ့စည်းပုံ က အခုတိုင်းရင်းသားများလိုလားတဲ့ အခြေခံဖွဲ့စည်းပုံတစ်ရပ်ဖြစ်ဖို့လိုတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုကို တည်ဆောက်လိုတာဖြစ်တယ်”ဟု ဦးထွန်းဇော်က ဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင်ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ပြန်လည် သုံးသပ်ရေးနှင့် ညှိနှိုင်းပေါင်းစပ်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်တော်လှန်ရေးပါတီ၊ နိုင်ငံရေး ပါတီနှင့် အဖွဲ့အစည်းများကြား ညှိနှိုင်းရေးဆွဲထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံတွင်ပါဝင်သင့်သည့် အခြေခံမူများ၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျုင်ဆိုင်ရာ အခြေခံမူများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှုဆိုင်ရာ အခြေခံမူများကို ဒီမိုကရေစီနည်းလမ်းကျ ပြင်ဆင် မွမ်းမံ အတည်ပြုခဲ့ကြသည်ဟုလည်း သိရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...