နောက်ထပ် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာရ

နောက်ထပ် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာရ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ နောက်ထပ် အသက် ၇ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင် (ငွေတောင်) ကျေးရွာမှ မချမ်းအေးဖြိုး (၇)နှစ် (ဘ) ဦးဇော်ဝင်းထွန်း ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီခန့်က နေအိမ်အောက်ဘက်တွင် ထိုင်နေစဉ် ငလှမ်းပြင် ကျေးရွာ အရှေ့ဘက် မေယူမြစ်အတွင်းမှ နေပြီး တပ်မတော်နေဗီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက်ကြောင့် ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင့် မိသားစုဝင်များက ပြောသည်။

“ဇက်ကနေပြီးတော့ ဘာမှမဖြစ်ဘဲနဲ့ အလိုလို ရမ်းသန်းပစ်တယ်။ ကလေးက နေအိမ်အောက်မှာ ဆော့နေတာ။ ဇက်ကနေ ပစ်တော့ ပုန်းဖို့ပြေးရာကနေ ထိသွားတာပါ။ အရှေ့ဘက် မေယူမြစ်ထဲ ကနေပြီး ရမ်းပစ်နေတာ။ မြစ်နဲ့ရွာကနီးနီးလေးပါ ” ဟု မချမ်းအေးဖြိုး ၏အဖွားဖြစ်သူက ပြောသည်။

ထိုဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း  နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ဇက်ကနေလှမ်းပစ်လို့ ငလှမ်းပြင်ရွာက ကလေးတစ်ယောက် ပေါင်မှာဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဘယ်ဘက်က ပေါင်မှာ ရသွားတယ်ဆိုတာကို ကျနော်လည်း အတိအကျမသိဘူး။ အဲလိုဖြစ်လို့ အခု ရသေ့တောင်မြို့နယ် စေတီပြင် တိုက်နယ် ဆေးရုံကို သွားနေကြတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်က  မေယူမြစ်အတွင်း သွားလာနေသည့် ဇက်ရေယာဉ် နှစ်စီးကို အေအေတပ်ဖွဲ့က ကမ်းပေါ်မှ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ပြန်လည် ပစ်ခတ်စဉ် ၎င်းအမျိုးသမီးငယ် ထ သွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

မိသားစုဝင်များက တပ်မတော်(ရေ)က ပစ်ခတ်သည့်အတွက်ကြောင့် ဒဏ်ရာရရှိခြင်းသည်ဟု ပြောဆိုထားသည့် အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်း၍ မရသေးပါ။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...