စစ်တွေမြို့နယ် ရွှေမင်းဂံတံတားအနီး မိုင်းပေါက်

စစ်တွေမြို့နယ် ရွှေမင်းဂံတံတားအနီး မိုင်းပေါက်
ဓာတ်ပုံ - Sa Kermien
ဓာတ်ပုံ - Sa Kermien

သန့်မြတ်ခိုင်၊ ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ရွှေမင်းဂံတံတားအနီး ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၁ နာရီခန့်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ် ကျေးတောအပိုင် ရွှေမင်းဂံ နေဗီဆိပ်ကမ်းဟောင်းတွင် ရပ်တန့်တားသည့် ဇက်သင်္ဘောမှ ရိက္ခာများတင်ဆောင်ပြီး ပြန်လာသည့် တပ်မတော်ယာဉ်တန်းသည် ရွှေမင်းဂံတံတားအနီးအရောက်တွင် ထိုသို့မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရွှေမင်းဂံကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။

“အခုတော့ သူတို့အဲဒီပေါက်တဲ့နေရာမှာ မိုင်းရှာနေကြတယ်ထင်တယ်။ စစ်သားတွေပါ၊ ရဲတွေပါရောက်နေကြတယ် အဲဒီနေရာကို။ ရွာကိုတော့ ဝင်ပြီးစစ်တာမရှိသေးဘူး”ဟု ၎င်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူနှင့် ကားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟုလည်း သိရသည်။

ရွှေမင်းဂံကျေးရွာမှ ရှင်ပြုအလှူပွဲသို့ သွားကြသူများလည်း ထိုမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် လှည့်ပြန်ခဲ့ရကြောင်း ထိုနေရာအနီးမှ ဒေသခံများက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အားသိရှိရန် နိရဥ္စရာသတင်းဌာနမှ သတင်းသွားရောက်ယူခဲ့သော်လည်း လက်ရှိတွင် မိုင်းပေါက်ကွဲခဲ့သည့်နေရာအနီး မည်သူမျှ ဖြတ်သွားဖြတ်လာမလုပ်ရဘဲ ပိတ်ထားသည်ကိုတွေ့ရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...