မင်းပြားမြို့နယ် ဖားပြိုအနီးတိုက်ပွဲဖြစ်ပွားခဲ့ဟု ဒေသခံများပြောဆို

မင်းပြားမြို့နယ် ဖားပြိုအနီးတိုက်ပွဲဖြစ်ပွားခဲ့ဟု ဒေသခံများပြောဆို

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာနှင့် မင်းရွာ အကြားတွင် ဖေဖေါ်ဝါရီ ၅ ရက် နံနက် ၁၁ နာရီက တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ဖားပြိုကျေးရွာသားတစ်ဦးက “ ဖားပြိုရွာနဲ့ မင်းရွာအကြား ရာမောင်ရှင်မ တောင်တန်းဆိုတာ ရှိပါတယ်။ အဲဒီအနီးမှာ ဖြစ်ကြတာပါ။ တပ်မတော် အင်အား ၁၀၀ လောက်ရှိတဲ့  စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မိနစ် ၂၀ လောက် အပြန်အလှန် ပစ်သံတွေကို ကြားရပါတယ်။ ဒီနေ့ ဖေဖေါ်ဝါရီ ၅ မနက် ၁၁နာရီလောက်က ဖြစ်ကြတာပါ။ မိနစ် ၂၀ မှာ ပစ်ခတ်သံတွေ ရပ်သွားပါတယ်” ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ကျွန်တော်တို့ ကြားတာက တပ်မတော် စစ်ကြောင်းလှည့်နေတုန်း မိုင်းပေါက်တယ်လို့ဘဲ ကြားရပါတယ်။ မိုင်းတစ်လုံးလို့ ကြားပါတယ်။ တပ်ဘက်ကတော့ မသင်္ကာတဲ့ နေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်လို့ ကြားရပါတယ်။ ဒီလောက်ဘဲ သိရပါတယ်” ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ ဖားပြိုရွာ အနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှု ရှိသော်လည်း သေနတ်သံမကြားရသည်မှာ ရက်အတန်ငယ်ရှိနေပြီးနောက်  ဖေဖေါ်ဝါရီ ၅ ရက်  နံနက် သေနတ်ပစ်ခတ်သံများ ထပ်မံ ထွက်လာ၍ ဒေသခံများက စိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...