တိုက်ပွဲကြောင့် ပလက်ဝ-ကျောက်တော် လိုင်းဘုတ် ခရီးသည် ၇၀ ကျော်နှင့်အတူ လမ်းတွင် ညအိပ် ရပ်နားနေရ

တိုက်ပွဲကြောင့် ပလက်ဝ-ကျောက်တော် လိုင်းဘုတ် ခရီးသည် ၇၀ ကျော်နှင့်အတူ လမ်းတွင် ညအိပ် ရပ်နားနေရ

သန့်မြတ်ခိုင် - ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကျောက်တော်မြို့သို့  ပြေးဆွဲလာသည့် ခရီးသည် ၇၀ ကျော် တင်ဆောင်လာသည့် မော်တော်ဘုတ်တစ်စီးသည် တိုက်ပွဲကြောင့် လမ်းတွင် ညအိပ် ရပ်နားနေရကြောင်း သတင်းရရှိသည်။

၎င်းလိုင်းဘုတ်သည် ပလက်ဝမှ ကျောက်တော်သို့ ဖေဖော်ဝါရီ ၆  ရက်  နံနက် ၈ နာရီခန့်က ကုလားတန် မြစ်ကြောင်း အတိုင်း မောင်းနှင်လာစဉ် နံနက် ၁၁ နာရီခန့်တွင် ကျောက်တော်မြို့နယ်အစပ် တင်းမကျေးရွာ အနီး အရောက်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ရပ်နားထားရကြောင်း လိုင်းဘုတ်မောင်းသူ ကိုမျိုးဆန်းက နိရဥ္စရာသို့ ဖုန်းဆက် ပြောဆိုသည်။

ကိုမျိုးဆန်းက “ တင်းမအောက်က အကွေ့ ကျွန်းတစ်ကျွန်းရှိတယ်။ အဲဒီ အနီးဝန်းကျင်မှာ ဖြစ်နေကြတယ်။ ကျနော်တို့က အဲဒီနားကနေ သွားလို့မရတော့လို့ ရပ်နားလိုက်ရတာပါ။ တင်းမရွာမှာ ရောက်နေပါပြီ။ တင်းမကရွာသားတွေပါ၊ ဆရာတော်ကပါ မထွက်နဲ့တော့လို့ တားထားတဲ့ အတွက် ဒီတင်းမရွာမှာဘဲ ညအိပ်ရမယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာနှင့် ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာအနီး မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲအပြန်အလှန် ပြင်းထန်စွာ ဖြစ်ပွား နေသည်ဟု မီးဝကျေးရွာမှ ကျောက်တော်မြို့သို့ ၎င်းဘုတ်ဖြင့်လာသည့် ခရီးသည် တစ်ဦးက ပြောသည်။

“ကျနော်က မီးဝကနေလာတာ။ ဒီမှာ တိုက်ပွဲဖြစ်မယ်လို့လည်း မထင်ဘူးလေ။ သတင်းကတော့ နည်းနည်းလေးတော့ကြားတယ်။ ဒါပေမဲ့ ဒီလောက်ပြင်းပြင်းထန်ထန်လို့တော့မထင်။ မထင်လို့ လိုက်လာတယ်။ လိုက်လာတော့ သူတို့က လက်နက်ကြီးတွေနဲ့ ထုတယ်။ ကောင်းကင်ပေါ် မှာတောင် မီးခိုးတွေ အူထွက်ကျန်ခဲ့တယ်။ ဆက်သွားလို့လည်း အဆင်ပြေမှာ မဟုတ်တော့ဘူး ဆိုပြီး တင်းမမှာဘဲ ဘုတ်ကို ကပ်လိုက်တယ်” ဟု ၎င်း ခရီးသည်က ပြောသည်။

ဖေဖော်ဝါရီ ၆ ရက် ည တင်းမကျေးရွာတွင် ညအိပ်ကြမည်ဖြစ်သော်လည်း မနက်မိုးလင်းလျှင်လည်း သွားနိုင်မည် မသွားနိုင်မည်ကို တိတိကျကျ မပြောနိုင်သေးကြောင်း၊ တိုက်ပွဲ ဖြစ်ပွားမှု ရှိ/မရှိ အပေါ်တွင် မူတည်ကြောင်း ပြောကြားသည်။

ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာတံတားဦး ဗျူဟာကုန်း အနီး ဖေဖော်ဝါရီ ၆  ရက် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်က စတင်ပြီး  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား နောက်ထပ် တစ်ကြိမ် တိုက်ပွဲ အပြန်အလှန် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ညနေ  ၄ နာရီ မိနစ် ၄၀ ခန့်တွင် ရပ်သွားကြောင်း၊ နောက်ထပ် တစ်ဖန် ညနေ ၅ နာရီခန့်တွင် ထပ်မံဖြစ်နေကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်  ညနေ ၃ နာရီခွဲခန့်က နိရဥ္စရာသတင်းဌာနက လိပ်ခေါင်းကျေးရွာသားတစ်ဦးထံ ဆက်သွယ် မေးမြန်းရာ “ အခုအပြန်အလှန်ဖြစ်နေကြတယ်။ အခု ငါတို့ စစ်ဘေးရှောင်တော့မယ်။ ဝက်မ၊ ငမြင်းတောင်ဘက်ကို ပြေးဖို့လုပ်နေတယ်။  ဒီမှာနေလို့ကတော့ ငါတို့အတွက် အခက်အခဲ ရှိတယ်။ ကြားမှာကျပ်နေတယ်။ သွားလို့မရ လာလို့မရ အခုအနီးမှာဖြစ်နေတယ်။ အသံကြား နေရတယ်” ဟု ပြောကြားသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...