ကျောက်တော်မှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာပြင်းထန်သူ ဦး အရေးပေါ် ဆေးကုသရန် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာ

ကျောက်တော်မှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာပြင်းထန်သူ ဦး အရေးပေါ် ဆေးကုသရန် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာ

နီမင်းထွန်း — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ဖေဖော်ဝါရီ ၃ ရက် နံနက် ၈ နာရီခန့်က လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူတစ်ဦးသည် အရေးပေါ်ဆေးကုသခံယူရန် စစ်တွေဆေးရုံသို့ ရောက်ရှိနေကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သူမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ဦးကျော်သိန်းထွန်း(၄၇) နှစ်ဖြစ်ပြီး သူသည် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီအချိန်က ရောက်ရှိလာခြင်းဖြစ်သည်။

ဒဏ်ရာရသူ ဦးကျော်သိန်းထွန်း၏ ဇနီးဖြစ်သူ  ဒေါ်လှလှရီက “ဘုရားကြီးဖက်က ပစ်လို့ အိမ်ပေါ်ကို လာကျတာ။ အဲဒီ ဘုရားကြီးမှာ စစ်သားတွေရှိတယ်။ လက်နက်ကြီး ၃ လုံး ၄ လုံးကျတယ်။ စစ်ပွဲဖြစ်တာလည်းမရှိဘူး။ မြန်မာတပ်မတော်ဘက်က ပစ်တာ”ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဒဏ်ရာရသူ ဦးကျော်သိန်းထွန်းသည် နံနက် ၈ နာရီခန့်က နေအိမ်တွင် ထိုင်နေစဉ် လက်နက်ကြီး ကျည်ကျ၍ ၎င်း၏လိင်အင်္ဂါနှင့် လိင်အင်္ဂါအနီးတစ်တွင် ဒဏ်ရာရှိခြင်းဖြစ်ပြီး လက်ရှိတွင်လူနာ၏အခြေအနေ စိုးရိမ်နေရကာ ငွေရေးကြေးရေး အခက်အခဲဖြစ်နေသည်ဟု ၎င်းက ဆက်ပြောခဲ့သည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “တိုက်ပွဲ မဖြစ်ဘဲ ကျွန်တော်တို့တပ်မတော်က မပစ်ဘူး။ ဒီကနေ့(ဖေဖော်ဝါရီ ၃) မနက် အဲဒီနားမှာ မိုင်းလာဆွဲတယ်။ မဟာကံကြီးသျှင် ဘုရားရေကန် အနောက်ဘက် ကနေ သုံးဖွဲ့လာပစ်တယ်။ ဘုရားမှာလုံခြုံရေးယူထားတဲ့လုံခြုံရေးတပ်ဖွဲ့တွေ၊ ဘဏ်တွေမှာ လုံခြုံရေးယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပစ်တာ။ ပစ်လို့ သူပစ်ကိုယ်ပစ် ပစ်တာ။ အေအေ ပစ်လို့ မှန်တာကော မဖြစ်နိုင်ဘူးလား”ဟု ပြောဆိုသည်။

ကျောက်တော်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်ကလည်း “တိုက်ပွဲဖြစ်လို့လားဆိုရင် အသေအချာတော့ မသိဘူး။ ပစ်တာကတော့ မဟာကံကြီးသျှင်ဘက်က ပစ်တာပဲ။ တပ်မတော်က ပစ်တာလို့ သိရတယ်။ အဲဒီအနီးအနား ပတ်ဝန်းကျင်က လူတွေက တိုက်ပွဲလည်း မဖြစ်ဘူး ပြောတယ်။ အဲဒါကတော့ မတော်မတရား လုပ်တာပဲလို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။ ပြည်သူတွေအပေါ်မှာ ဒီလိုလုပ်တာ မကောင်းဘူးလို့ ပြောလိုတယ်”ဟု ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၃) နံနက်ပိုင်းက ကျောက်တော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်သိန်းထွန်း(၄၇) နှစ် အပါအဝင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ဦးမောင်စောလှ(၆၁)နှစ်၊ မောင်စောဖြူ (၁၇)နှစ် တို့လည်း ဒဏ်ရာရှိခဲ့ပြီး ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှ ဒေါ်အေးအေးခိုင်(၂၄)နှစ်မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသွားသည့် မအေးအေးခိုင်တွင် သားယောက်ျားလေး ၁ ဦးနှင့် သမီးမိန်းကလေး ၁ ဦး လင်ယောက်ျားဖြစ်သူနှင့်အတူ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ကျောက်တော်ရှိ မဟာကံကြီးသျှင်ဘုရားအတွင်း စခန်းချနေသည့် တပ်မ (၅၅)အင်အား ၂၃ဝ ခန့်ပါသော တပ်မတော်စစ်ကြောင်း မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် ယခုကဲ့သို့ အရပ်သားများ သေဆုံး၊ ဒဏ်ရာရသွားခြင်းဖြစ်ပြီး ၎င်းတို့နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု ပြောသည်။

ဒဏ်ရာရသူများအနက် ကျန်နှစ်ဦးမှာ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...