ရသေ့တောင်မြို့နယ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည့် မူလတန်းကျောင်းဆရာမတစ်ဦး ဆေးရုံပို့ရန် အပူတပြင်း လိုအပ်နေ

ရသေ့တောင်မြို့နယ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည့် မူလတန်းကျောင်းဆရာမတစ်ဦး ဆေးရုံပို့ရန် အပူတပြင်း လိုအပ်နေ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက္ခူတိုင် ကုန်တန်းတွင် ကျည်ဆံထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့် မူလတန်းပြ ဆရာမ တစ်ဦးကို အရေးပေါ် ရသေ့တောင်သို့ ပို့ဆောင်ပေးရန် အလွန်အခက်အခဲ ဖြစ်နေသည်ဟု ကျေးရွာသားများက သတင်းပေးပို့သည်။

ဒဏ်ရာရရှိသွားသူမှာ မူလတန်းပြ ဆရာမ မခင်ဌေးဝင်း (၂၈) နှစ် (ဘ) ဦးထွန်းလှမောင်၊ (မိ) ဒေါ်လှမြသိန်းဖြစ်ကြောင်း သိရသည်။

ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးစံကျော်က “ကျွန်တော်တို့ အထူး ဒုက္ခရောက်နေပါပြီ။ အခုဖြစ်တာ၊ အခုဖြစ်တာ။  ဆရာမ တစ်ဦး အိမ်မှာ ထိုင်နေစဉ် ဇက်ရေယာဉ်က ပစ်တဲ့အတွက် ရင်ဘတ်ကို ကျည် ဖေါက်သွားပါတယ်။ သူတို့က ရွာဘက်ကို ပစ်တယ် ဆရာ၊ အချက်ပေါင်းများစွာ ပစ်ပါတယ်။  ဆရာမကို အခု ရသေ့တောင် မဟုတ်ရင် စေတီပြင်ကို စက်လှေနဲ့ ယူဖို့ လုပ်နေစဉ်မှာ ဇက်ရေယာဉ်က ကျွန်တော်တို့ရွာနားမှာ ကမ်းကပ်ဖို့ လုပ်နေပါတယ်။ ရွာသားတွေ အကုန်လုံး ပြေးနေကြပြီ။ ဒီ ဆရာမကို ဘယ်ကို ယူရမလဲ မသိတော့ဘူး။ တော်တော်ကို ဒုက္ခ ဖြစ်နေကြပြီ” ဟု ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီခွဲက ပြောကြားသည်။

၎င်းပြင် မေယူမြစ် အောက်ဘက်ကလည်း နေဗီများ တက်လာနေသဖြင့် ၎င်း ဒဏ်ရာရရှိနေသည့် ဆရာမကို စက်လှေဖြင့် ယူဆောင်ရန် ရွာသားများ အခက်အခဲ ဖြစ်နေကြသည်ဟု ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်ပြီး ဆေးရုံသို့ ပို့ဆောင်နိုင်ရန် အကူအညီ တောင်းသွားမည်ဟု ပြောဆိုသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...