အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ကြား အချက် သုံးချက် သဘောတူညီမှု ရဟုဆို

အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ကြား အချက် သုံးချက် သဘောတူညီမှု ရဟုဆို
NRPC NRPC နှင့် NCA-S EAOs မှ နှစ်ဖက် ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၂-၃ ရက်က ဆွေးနွေးနေစဉ်။
NRPC NRPC နှင့် NCA-S EAOs မှ နှစ်ဖက် ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၂-၃ ရက်က ဆွေးနွေးနေစဉ်။

အုပ်မှူးဇော်၊ စိုင်းဦး — အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ် အဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ ရန်ကုန်မြို့ရှိ NRPC ရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာ အချက်သုံးချက်ကို သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ကျင်းပခဲ့ပြီးနောက် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ ရေး ဆိုင်ရာ ကိစ္စများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်းနှင့် ရှေ့ဆက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များပါဝင်သည်။

NRPC ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သော သမ္မတရုံး ညွန်ကြားရေးမှူးချုပ်  ဦးဇော်ဋ္ဌေးက “အစိုးရအနေနဲ့ ဒီလုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်တွေကို ဆွေးနွေးဖို့လည်း ကျွန်တော်တို့ဘက်က အဆိုပြု ထားတယ်၊ ဒီအခြေခံ သဘောတူညီချက်ကို ရတဲ့အခါမှာ ကျွန်တော်တို့ အစိုးရဘက်က အဆိုပြုထားတဲ့ တစ်ခု တည်းသော တပ်မတော်ကိစ္စနဲ့ NCA မှာ ပါဝင်တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင် စု တပ်မတော်ဆိုတဲ့ ကိစ္စရပ်တွေကို ဆက်ဆွေးနွေးဖို့ရှိတယ်။ NCA မှာလည်း ဆွေးနွေးဖို့ကို အတိအလင်း ပြဋ္ဌာန်းထား တာရှိတယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် NCA အကောင်အထည် ဖော်ဆောင်ရမည့် သဘောတူညီချက်များ၊ ၂၀၂၀ အလွန် အဆင့်လိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များအပေါ် အပြန်အလှန် အဆိုပြု ချက်များ၊ NCA ကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများ ရရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အထက်ပါ ဆွေးနွေးပွဲမှ ရရှိလာမည့် ဘုံသဘောတူညီချက် တစ်ခုသည် လာမည့် စတုတ္ထအကြိမ်မြောက် ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) ကျင်းပသည့်အခါ အဖြေတစ်ခု ရနိုင်ရေး မျှော်လင့်သည်ဟု NCA-S EAOs ကိုယ်စားလှယ်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောသည်။

“ကျွန်တော်တို့ နှစ်ဘက်အဖွဲ့တွေဖြစ်တဲ့ NCA ရဲ့ အကောင်အထည် ဖော်မှုဆိုင်ရာ အလုပ်အဖွဲ့နဲ့ အစိုးရရဲ့ အလုပ်အဖွဲ့တို့ ညှိနှိုင်းတိုင်ပင်မှုက ဆုံးဖြတ်ချက် သုံးချက်နဲ့ မှတ်တမ်း နှစ်ချက်ရတယ်။ ဒါကို ပြန်ကြည့်လိုက် မယ်ဆိုရင် အရွေ့တစ်ခုကို တက်လာတယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။လာမည့် ဖေဖော်ဝါရီ ၁၆-၁၇-၁၈ ရက်များတွင်လည်း ထပ်မံ တွေ့ဆုံသွားရန် သဘောတူညီထားကြောင်းလည်း သိရသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...