ရသေ့တောင်မြို့နယ် ပြိန်းတောရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သားအမိသုံးဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ် ပြိန်းတောရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သားအမိသုံးဦး ဒဏ်ရာရ

ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာထဲ ဖေဖော်ဝါရီ ၂ ရက်  နေ့လယ်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ မိသားစု ၃ ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူ သုံးဦးမှာ မိခင်ဖြစ်သူ ဒေါ်မဲခိုင် (၄၆) နှစ်၊ သားကြီးဖြစ်သူ ဇော်သန်းဝင်း( ၁၇) နှစ်နှင့် သားငယ်ဖြစ်သူ ကိုဇော်ခိုင် (၁၄) နှစ်တို့ ဖြစ်ကြသည်။

မိခင်ဖြစ်သူ ဒေါ်မဲခိုင်က " ကျွန်မသားလေးတွေမှာ ဒဏ်ရာပြင်းလို့ ရသေ့တောင်ကို သွားနေကြပါတယ်။ ကျွန်မရတဲ့ ဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်ပါဘူး"ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက" သူတို့က မုန့်တီဆိုင်ရောင်းပါတယ်။ အိမ်အောက်မှာ။ အဲဒီမှာ လက်နက်ကြီးကျလာပြီး ကစားနေတဲ့ သားနှစ်ယောက်ရော အမေရော ထိတာပါ။ စစ်တပ်က အရာရှိတွေ ရောက်လာပါတယ်။ သူတို့ပစ်လိုက်တာ ထိသွားတာလို့ ပြောပါတယ်။ သူတို့ ကိုယ်တိုင် ပြောပါတယ်"ဟု ပြောသည်။

ပြိန်းတော် ဆရာတော်သို့ ဆက်သွယ်ရာ ဆရာတော်က “ ခုလို ရွာသားတွေ ထိခိုက်မှု ရှိတယ်ဆိုတော့ တပ်မ ၂၂မှ တပ်ရင်းမှူးတစ်ဦးကို ဖုန်းဆက်လိုက်တဲ့ အခါ စစ်သားတွေနဲ့ အရာရှိတစ်ဦး ရောက်ရှိလာခဲ့ပါတယ်။  စစ်တပ် အရာရှိက သူတို့ ပစ်လိုက်သည့်ကျည် မတော်တဆ ထိမှန်သွားခဲ့တာဖြစ်တဲ့အတွက်  တောင်းပန်စကား ပြောကြားသွားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းမှာ ပြိန်းတော့ ဆိပ်ခံတံတားနေရာမှ ယင်းနေ့ နေ့လယ် ၁နာရီ ခွဲခန့်တွင် လက်နက်ကြီး ဆယ်ချက်နီးပါးခန့် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ဇော်သန်းဝင်းတွင် ပေါင်နှင့် ခြေသလုံး ဘယ်၊ညာနှစ်ဖက်စလုံးကို ထိမှန်ခဲ့ပြီး ကိုဇော်ခိုင်တွင်  နဖူးရှပ်ထိမှန်ကာ  ဒေါ်မဲခိုင်နားရွက်နောက်ဘက် ဦးခေါင်းကို ရှပ်ထိမှန်သွားခဲ့သည်ဟု သိရသည်။

ဆွေမျိုးဖြစ်သူတစ်ဦးက “ အခု ရသေ့တောင်ကို စက်လှေနဲ့ ယူနေပါတယ်။ ထီးစွဲချောင်းဝ အနီးကို ရောက်နေပါပြီ။ သားကြီးဖြစ်သူ ဇော်သန်းဝင်းမှာ ဒဏ်ရာပြင်းပါတယ်။ အခု သွေးတွေ အရမ်း ထွက်နေပါတယ်” ဟု ယနေ့  ညနေ ၃ နာရီ မိနစ် ၂၀ က ဖုန်းဆက်သွယ်စဉ် ပြောကြားသည်။

၎င်းလက်နက်ကြီးမှာ စစ်တပ်က ရွာပြင်ကနေ ပစ်ခတ်ခြင်း ဖြစ်ပြီး ကလေးများကစားနေစဉ် ကျရောက် ပေါက်ကွဲခြင်း ဖြစ်ပြီး အိမ်ခေါင်းမိုးမှာလည်း ပွင့်ထွက်သွားခဲ့သည်ဟု ၎င်းဆွေမျိုး တော်စပ်သူက ဆက်လက် ပြောကြားသည်။

ပြိန်းတောကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ သူတို့က ရွာတောင်ဘက်ကနေ ပစ်တာပါ။ ရွာမြောက်ဘက်မှာကျပါတယ်။ ပြည်သူလူထုတွေ နေတဲ့ နေရာကို ခုလို ဘာရည်ရွယ်ချက်တွေနဲ့ ပစ်နေတာကို မသိပါ။ အခု ယောကျာ်း၊ မိန်းမ၊ လူကြီးကလေး အကုန်လုံး ကြောက်ပြီး ထွက်ပြေးနေကြရပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးထံ ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိသေးပါ။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...