ရသေ့တောင် ငစံဘော်မှ ရွာသားတစ်ဦး မိုင်းထိ သေဆုံး

ရသေ့တောင် ငစံဘော်မှ ရွာသားတစ်ဦး မိုင်းထိ သေဆုံး

ခိုင်လူလှ (ရိုးမမြေ) - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော် (မုဆိုးချောင်း)  ကျေးရွာမှ လူကြီးတစ်ဦး ကျွဲရှာရန် သွားစဉ် မိုင်းထိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ငစံဘော်ကျေးရွာမှ ဦးသိန်းဇောအောင်(ဘ)ဦးကျော်ခေါင် (၅၆) နှစ်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ဦးသိန်းဇောအောင်သည် ဖေဖော်ဝါရီ ၂ ရက် နေ့လယ်က ငစံဘော်ကျေးရွာနှင့် အမျှက်တောင် ကျေးရွာကြားတွင် ကျွဲရှာရန် သွားစဉ် မိုင်းပေါက်ကွဲပြီး ခြေထောက်နှစ်ဖက်လုံးပြတ်သွားကာ သေဆုံးသွားခဲ့ခြင်းဟု ပြောဆိုသည်။

သူ၏ အလောင်းကို  ရသေ့တောင်မြို့သို့ ယူဆောင်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။

အဆိုပါ အနီးဝန်းကျင်တွင် ယင်းမတိုင်မီနေ့ ဖေဖော်ဝါရီ ၁ ရက်က  မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော်  ( AA ) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...