ရသေ့တောင် အမျှက်တောင်ကျေးရွာအနီး တိုက်ပွဲ ပြင်းထန်

ရသေ့တောင် အမျှက်တောင်ကျေးရွာအနီး တိုက်ပွဲ ပြင်းထန်

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အမျှက်တောင်ကျေးရွာအနီးတွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်း တစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖေဖော်ဝါရီ ၁ ရက်တွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတိုက်ပွဲမှာ နံနက် ၁၀ နာရီကျော်မှ စတင်ပြီး  မွန်းလွဲ ၂ နာရီကျော်ထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“အကြီးအကျယ် ပစ်နေကြတာ။ ( မွန်းလွဲ ) ၂ နာရီကျော်လောက်မှ ရပ်သွားတယ်။ ဒါပေမဲ့ လက်နက်ကြီးပစ်တာက မတန့်သေးဘူး။ ရသေ့တောင်မြို့ပေါ် တပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်။ တော်တော် ပြင်းထန်ပါတယ်” ဟု အမျှက်တောင် ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲသည် အမျှက်တောင်ကျေးရွာမှ မြောက်ဘက်သို့ အထွက် တောင်တန်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...