နမ့်စန်မြို့လယ်ခေါင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

နမ့်စန်မြို့လယ်ခေါင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ
Photo by U Nay Zaw/ နမ့်စန်မြို့လယ်ခေါင်တွင် သေနတ်ပစ်ခံရသည့် အမျိုးသားပုံ
Photo by U Nay Zaw/ နမ့်စန်မြို့လယ်ခေါင်တွင် သေနတ်ပစ်ခံရသည့် အမျိုးသားပုံ

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့ လယ်ခေါင်တွင် အမျိုးသား တစ်ဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက် ညနေ ၄နာရီ ကျော်တွင် အမည်မသိ လက်နက်ကိုင် ၂ဦးက ဆိုင်ကယ်ဖြင့် မောင်းလာကာ ထူးဆန်း ယာဉ်ငယ်လိုင်း ဂိတ်မှူးကို သေနတ်ဖြင့် ၄ချက် ပစ်သွားကြောင်း နမ့်စန် ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သေနတ်ပစ်တာတော့ ၄ချက်၊ ထိတာတော့ ၃ချက်ပါ။ ခေါင်းတချက်၊ ဗိုက်တချက်၊ ဘယ်ဖက် လက်မောင်းတချက် ထိတယ်။ လောဆယ်တော့ ဒဏ်ရာကို ခွဲစိတ်ထားတယ်။ စိုးရိမ်စရာတော့ မရှိတော့ဘူး” ဟု ၎င်း က ပြောသည်။

သေနတ်ပစ်ခံရသူသည် အသက် ၄၈ အရွယ် ရှိ အမျိုးသားဖြစ်ပြီး၊ ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သွားသည့် တရားခံ ၂ဦး ကို လက်ရှိ အချိန်ထိ မမိသေးကြောင်းလည်း သိရသည်။

“ ဆိုင်ကယ်နဲ့ ဆိုတော့ တရားခံမမိလိုက်ဘူး။ အခုတော့ မြို့ဝင်၊ မြို့ထွက် လုံခြုံရေးတွေ တင်းကြပ်ထားတယ်” ဟု အဆိုပါ အမျိုးသား က ဆိုသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် သူသည် သာမာန် အရပ်သားဖြစ်ပြီး နိုင်ငံရေး နှင့် မပတ်သက်ကြောင်း၊ လူအေးဆေး နေသည့် ဟုလည်း နမ့်စန်ဒေသခံများက ပြောသည်။

နမ့်စန်မြို့လယ်ခေါင်အတွင်း သေနတ်ပစ်မှု နှင့် ပတ်သတ်ပြီး နမ့်စန် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ “ တရားခံကို စုံစမ်းနေဆဲ ပါ” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

နမ့်စန်မြို့ လယ်ခေါင် တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင် က သေနတ်လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်မှုဖြင့် နေထိုင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...