မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ လူငယ် ၆ ဦး ၅ နာရီကြာ ထိန်းသိမ်းစစ်ဆေးခံရပြီးနောက် ပြန်လွတ်မြောက်

မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ လူငယ် ၆ ဦး ၅ နာရီကြာ ထိန်းသိမ်းစစ်ဆေးခံရပြီးနောက် ပြန်လွတ်မြောက်

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ရန်ကုန်သို့ အလုပ်လုပ်ရန်သွားသည့် လူငယ် ၆ ဦး ဇန်နဝါရီ ၃၀ ရက် နေ့လယ်က ကျောက်တော်စစ်ဆေးရေးဂိတ်တွင် ၅ နာရီကြာ  ထိန်းသိမ်း စစ်ဆေး ခံရပြီးနောက် ပြန်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ထိန်းသိမ်း စစ်ဆေးခံရသူများမှာ ဇီးပင်ကြီးကျေးရွာမှ ကိုဌေးဝင်း၊ စိန်ထွန်းလှ၊ မောင်မောင်ဝင်း၊ ငြိမ်းငြိမ်းဆန်း၊ ဟန်ထွန်းအေးနှင့် အောင်မင်းစိုး တို့ဖြစ်သည်။

၎င်းလူငယ် ၆ ဦးသည် ၎င်းတို့ရွာမှ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ရန်ကုန်သို့ ခရီးသည်တင် လေးဝတီကားဖြင့်သွားစဉ် ကျောက်တော် တပ်ထိမ်းဂိတ် အရောက်တွင်  ထိုသို့ ထိန်းသိမ်း စစ်ဆေးခံခဲ့ကြရသည်။

ဇီးပင်ကြီးကျေးရွာသည် မြောက်ဦးမြို့နယ် ဖြစ်သော်လည်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြစ်တစ်ခုသာ ခြားပြီး နီးကပ်စွာတည်ရှိသဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှ တစ်ဆင့် ကားစီးကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ဖြစ်စဉ်က ကျနော်တို့က မနက် ၄ နာရီခန့်ကနေပြီးတော့ ဇီးပင်ကြီးကနေပြီးတော့ ကျောက်ဆိပ်ကို ရောက်နေတာပါ။ ကျနော်တို့က ရန်ကုန်ကိုသွားတာပါ။ ရန်ကုန်ကို ကားနဲ့သွားတဲ့ အခါမှာ ကျောက်တော် တပ်ထိမ်းဂိတ်က စစ်ဆေးပါတယ်။ စစ်တဲ့အချိန်မှာ ကျနော်တို့ကို မှတ်ပုံတင်တွေ အားလုံးအစုံ စစ်ပြီးသွားပြီ။ ကျနော်တို့နဲ့ ပါလာတဲ့ကောင်လေးတစ်ယောက်က ကြောက်အားတကြီးနဲ့ ဆိုတော့ စကားပြောတာ လွဲချော်မှုတွေရှိခဲ့တယ်” ဟု ကိုဌေးဝင်းက ပြောသည်။

သို့အတွက် သူတို့ ၆ ဦးအား စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ကျောက်တော်တပ်ထိမ်းဂိတ်တွင် စစ်ဆေးခံရချိန် အေအေ နှင့် အဆက်အသွယ်ရှိ/ မရှိ စစ်ဆေးမှုများ ပြုလုပ်ကြကြောင်း၊ ထိုသို့စစ်ဆေးမှုများပြုလုပ်ချိန် အဆက်အသွယ်မရှိကြောင်း အမှန်အတိုင်းဖြေဆိုခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဇီးပင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးက အာမခံဖြင့် လာထုတ်သည့်အတွက် ပြန်လည်လွတ်ပေးလိုက်ကြောင်း ကိုဌေးဝင်းက ဆက်ပြောသည်။

“ရိုက်တာ ပုတ်တာက တော့ ကျနော့်ကို ပခုံးကိုတစ်ချက်ရိုက်တယ်။ နည်းနည်းပါးပါး လေးတွေရှိပါတယ်။ ကိုယ့်မှာသွားချင်တဲ့ခရီးတစ်ခု မဖြောင့်ဆိုရင် ရင်ထဲမှာတော့ ခံစားရတာပေါ့ဗျာ။ အခုကားခလည်း ပြန်မပေးတော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့က အားလုံးမဟုတ်ရင်လည်း လူ ၆ ယောက်အတွက် ထက်ဝက်ခန့်ပေးပါလို့ပြောတော့လည်း မပေးဘူးပြောပါတယ်။ လေးဝတီကားဂိတ်ကပေါ့” ဟု ၎င်းကပြောသည်။

စစ်တွေ လေးဝတီကားဂိတ်မှ တာဝန်ရှိသူတစ်ဦးသို့ဆက်သွယ်ရာ တာဝန်ရှိသူ တစ်ဦးက “သူတို့ကို တပ်က ဖမ်းထားတော့ ကျနော်တို့က အာမခံဖို့ ကြည့်တဲ့ အချိန်မှာ အာမခံလို့မရပါ။ အာမခံဖို့အတွက် သူတို့နေထိုင်တဲ့ ရပ်ကွက်က လူကြီး တစ်ယောက် လိုပါတယ်လို့ပြောပါတယ်။ ကျနော်တို့ ကားသမားကလည်း တာဝန်ယူတယ် ဆိုလို့လည်း မရဘူး။ သူတို့ကလက်မခံပါ။ ကျနော်တို့မှာက လက်မှတ် ဘောင်ချာမှာလည်းပါ ပါတယ်။ ခုံဝယ်ပြီးသား ပိုက်ဆံက  ပြန်မအမ်းပါ။ တကယ်လို့ အပြောင်းအလဲတစ်ခုခုကြောင့် မလိုက်ဖြစ်လိုက်ဆိုရင် မနက်ဖြန် မဟုတ်ရင် သဘက်ခါကို ၂ ရက်ခြားကို ချိန်းပေးပါတယ်။ အဲလိုမျိုးလုပ်ပေးပါတယ် ” ဟု ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသူများနှင့်ပတ်သက်ပြီး မည်သို့အာမခံဖြင့် ထုတ်လာသည့်ကို မေးမြန်းတင်ပြရန် မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူးထံသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့ညနေ ၆ နာရီ  ၇ မိနစ်ခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ထားပါသဖြင့် ဆက်သွယ်မှုမရရှိခဲ့ပါ။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးထွန်းမောင်က မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ လူငယ်အချို့ဖမ်းဆီးစစ်ဆေးခံရခြင်းမှာ ဟုတ်မှန်ပြီး  ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဟု ပြောကြားသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...