မြန်မာ့လူ့ဘောင်တွင် တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန် လိုအပ်နေသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာ့လူ့ဘောင်တွင် တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန် လိုအပ်နေသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဓာတ်ပုံ- အတိုင်ပင်ခံရုံး(fb)
ဓာတ်ပုံ- အတိုင်ပင်ခံရုံး(fb)

ထွန်းထွန်းဝင်း — မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းတွင် အမှတ်တရား၊ တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သင့်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော ဦးကိုနီနှင့် ဦးနေဝင်းတို့ ဆုံးပါးသွားခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီးမှာ ကျင်းပခဲ့သည်။

အဆိုပါ သုံးနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ကာ အထက်ပါ အတိုင်း ပြောလိုက် ခြင်းဖြစ်သည်။

၎င်းက “ မြန်မာနိုင်ငံနှင့် မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းတွင် အမှန်တရား ၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှုတို့ ခိုင်မာသည်ထက် ခိုင်မာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေကို ဦးကိုနီနှင့် ကိုနေဝင်းတို့က မီးမောင်းထိုး သက်သေပြလျက်ရှိနေပါသည်”ဟု ဆိုသည်။

နိုင်ငံသူ/သား၊ ပြည်သူများ အားလုံး လွတ်လပ်မှု ၊တန်းတူညီမျှမှု ၊ တရားမျှတမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် မှုတို့ ရရှိရေးအတွက် အာမခံချက်များ၊ အခွင့်အရေးများ အပြည့်အ၀ ရှိစေမည့် ဖွဲစည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ဆက်လက် ကြိုးပမ်းကြရမည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဦးကိုနီနှင့် ဦးနေဝင်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့မှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ကြောင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က သေဆုံးခဲ့သည်။

ဦးကိုနီသည် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥပဒေအကြံပေးဖြစ်ပြီး ဦးနေဝင်း မှာ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ဝင်ရောက် ဖမ်းဆီးစဉ် သေဆုံးခဲ့ရသော အငှားယာဉ်မောင်း တစ်ဦး ဖြစ်သည်။

လက်ရှိမှာတော့ ဦးကိုနီနှင့် ဦးနေဝင်းတို့ကို ပစ်ခတ် သတ်ဖြတ်ခဲ့သူ ဦးကြည်လင်း အပါအဝင် နောက်ကွယ်မှ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ် တချို့ကို ဖမ်းဆီးကာ အရေးယူထားကြောင်း သိရသည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...