ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသားများ ဖေဖေါ်ဝါရီ ၂ ရက်နေ့ ပြန်ခေါ်မည်

ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသားများ ဖေဖေါ်ဝါရီ ၂ ရက်နေ့ ပြန်ခေါ်မည်

သန်းထိုက်အောင် — ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာကျောင်းသားများကို အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၂ရက် နေ့တွင်ပြန်ခေါ်လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဝူဟန်မြို့တွင် မြန်မာကျောင်းသား ၆၀ကျော် ပိတ်မိနေခြင်းကို အထူးလေယာဉ်ဖြင့် ခေါ်ယူရန် နိုင်ငံတော် သမ္မတရုံးက စီစဉ်ခြင်း ဖြစ်ပြီး အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်း ကိုးဦး၊ လုံခြုံရေး နှစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ လိုက်ပါသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။

ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်ကျောင်းများမှ ဝူဟန်လေဆိပ်သို့ သွားနိုင်ရန် ဘတ်စ်ကားနှစ်စီးကို သံရုံးဘက်က စီစဉ်ထားပြီး တရုတ်နိုင်ငံဘက်က ခွင့်ပြုပေးမည့် အချိန်ကို စောင့်ဆိုင်းနေသည်ဟု ဘေကျင်းအခြေစိုက် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက မဇ္စျိမကို ပြောသည်။

ကျောင်းသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးလျှင် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် နှစ်ပတ်အချိန်ယူ ဆက်လက်စောင့်ကြည့်မည် ဖြစ်ကာ တင်ဆောင်လာသည့် လေယာဉ်ကိုလည်း ပိုးမွှားကင်းစင်အောင် လုပ်ဆောင်ပြီးမှသာ ရန်ကုန်သို့ ပြန်လည်မောင်းနှင်မည် ဖြစ်ကြောင်းသိရသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူနှင့် သေဆုံးသူ အလွန်များပြားနေသော တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်တွင် ဇန်နဝါရီ ၃၁ ရက်က နောက်ထပ် လူ ၄၂ ဦး သေဆုံးခဲ့သည့်အတွက် အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၁၂ ဦးအထိ ရှိလာပြီး ကူးစက်ခံရသူပေါင်းလည်း ၈၀၀၀ ကျော်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...