အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကွမ်ကျိုးခရီးများကို ယာယီရပ်ဆိုင်း

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကွမ်ကျိုးခရီးများကို ယာယီရပ်ဆိုင်း

ချမ်းငြိမ်း — အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ ကွမ်ကျိုးခရီးများကို ဖေဖေါ်ဝါရီလ ၁ရက်က စတင်ပြီး ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ရက် ကကြေညာခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ် အဆုပ်ရောင်ရောဂါပိုးကြောင့် လက်ရှိဖြစ်ပွားနေ သောအခြေအနေကို ထိန်းချုပ်ရာတွင် အထောက်အကူပြုရန်နှင့် အာဏာပိုင်များ၏ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်နိုင်ရန် ဖေဖေါ်ဝါရီလ ၁ရက်မှ ၂၉ ရက်အထိ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ထားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)အနေဖြင့် ကြိုတင်လက်မှတ်ကိုင်ဆောင်ထားသူများကို လေယာဉ်ထိုင်ခုံရရှိမှုအပေါ်မူတည်ပြီး ခရီးစဉ်ပြောင်းရွေ့ခြင်းနှင့် ငွေပြန်အမ်းခြင်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ခရီးစဉ်ပြောင်းရွေ့ခြင်းနှင့် ငွေပြန်အမ်းခြင်းများကို ကွမ်ကျိုးမြို့သို့ ဖေဖေါ်ဝါရီလ ၂၉ရက်မတိုင်မီ အသွားအပြန် သွားရောက်ရန်အတွက် ဇန်နဝါရီလ ၃၁ရက်မတိုင်မီက လေယာဉ်လက်မှတ်ထုတ်ယူပြီး ကိုင်ဆောင်သူများ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြန်အမ်းငွေများကို ခရီးသွားကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...