မြန်မာကျောင်းသားများ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် တိုက်ရိုက်ပြန်လာနိုင်ဖွယ်ရှိ

မြန်မာကျောင်းသားများ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် တိုက်ရိုက်ပြန်လာနိုင်ဖွယ်ရှိ

ဖူးအိအိနွယ် — ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာကျောင်းသားများကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်ရန် မြန်မာအစိုးရဘက်က ဝူဟန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးလေဆိပ်အထိ တိုက် ရိုက်ပျံသန်းခေါ်ဆောင်မည့် အထူးလေယာဉ်စီစဉ်ထားပြီး ဖေဖော်ဝါရီလ တစ်ရက်နေ့ညတွင် ဝူဟန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် တရုတ်နိုင်ငံဘက်က ခွင့်ပြုနိုင်ဖွယ်ရှိကြောင်း ဘေကျင်းအခြေစိုက်၊ မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။

ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်ကျောင်းများမှ ဝူဟန်လေဆိပ်သို့ သွားနိုင်ရန် ဘတ်စ်ကားနှစ်စီးကို သံရုံးဘက်က စီစဉ်ထားပြီး တရုတ်နိုင်ငံဘက်က  ခွင့်ပြုပေးမည့် အချိန်ကို စောင့်ဆိုင်းလျှက်ရှိကြောင်း ဘေကျင်းအခြေစိုက် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက မဇ္စျိမကို ပြောသည်။

ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက “လောလောဆယ်တော့ ခွင့်ပြုမိန့်စောင့်နေတာပါ။ ဘတ်စ်ကားက စီစဉ်ပြီးပါပြီ။ လက်ရှိကတော့ ခွင့်ပြုချက်စောင့်ဆိုင်းတုန်းလို့ ပြောရမှာပါ။  ခွင့်ပြုချက်ဆိုတာ အကုန်လုံးပါပါတယ်။ လေယာဉ်ဆင်းသက်ခွင့်၊ ပြန်ခေါ်သွားခွင့်ပေါ့။ အဲ့တာ ခွင့်ပြုလိုက်ရင် နှစ်ပတ်စောင့်ဆိုင်းတာမရှိတော့ပါဘူး။ ကျန်းမာရေးစစ်ပြီး တစ်ခါတည်း လေယာဉ်ပေါ်တင်ပြီး ပြန်လည်ခေါ်သွားလို့ ရပါတယ်။ မြန်မြန်ဆန်ဆန်ရောက်ရှိအောင် အထူးလေယာဉ်စီစဉ်တာပါ။ လေယာဉ်ပေါ်ကတော့ ကျန်းမာရေးဝန်ထမ်းတွေပါမှာပါ။ ဒါမျိုးတွေ စီစဉ်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း အကုန်လုံးစီစဉ်ထားပါတယ်”ဟု ပြောသည်။

တရုတ်နိုင်ငံဘက်က ခွင့်ပြုချက်ရပါက ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး  မြန်မာအမျိုးသားလေကြောင်းလိုင်း ဘိုးရင်း B737- 800 အမျိုးအစားလေယာဉ်ဖြင့် ချက်ချင်းသွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ကျောင်းသားများကို သီတင်းပတ်နှစ်ပတ်ကြာစောင့်ကြည့်ရန် စီစဉ်ထားသည့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ဆက်လက်စောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  

ဝူဟန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆင်းသက်ခွင့်နှင့် ကျောင်းသားများကို ပြန်ခေါ်ရေးတွင် တရုတ်နိုင်ငံဘက်က မြန်မြန်ဆန်ဆန်ခွင့်ပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံခြား ရေးဝန် ကြီး ဌာန၊ အာရှရေးဌာန၏ အကြီးအကဲထံ သံရုံးဘက်ကအကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ တစ်ရက်နေ့ညတွင် လေယာဉ်ဆင်းသက်ရန် ခွင့်ပြုနိုင်ဖွယ်ရှိကြောင်း၊ ခွင့်ပြုချိန်အပြောင်းအလဲရှိနိုင်ကြောင်း တရုတ် နိုင်ငံ ခြားရေးရာဝန်ကြီးဌာန၏ နေ့လည်အချိန် အကြောင်းပြန်ချက်အရ သိရကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူနှင့် သေဆုံးသူ အလွန်များပြားနေသော တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်တွင် ဇန်နဝါရီ ၃၁ ရက်က နောက်ထပ် လူ ၄၂ ဦး သေဆုံးခဲ့သည့်အတွက် အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၁၂ ဦးအထိ ရှိလာပြီး ကူးစက်ခံရသူပေါင်းလည်း ၈၀၀၀ ကျော်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...