ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်ထောင်ကျော်ရှိနေပြီဟု REC ထုတ်ပြန်

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်ထောင်ကျော်ရှိနေပြီဟု REC ထုတ်ပြန်

 

နီမင်းထွန်း — ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်ထောင်ကျော်ရှိနေပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က  ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်စသည့် မြို့နယ် ၁ဝ ခုတို့တွင် စစ်ဘေးရှောင်ဦးရေ ၁၀၆၆၁၄ ဦး ခိုလှုံလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “ စစ်ဘေးရှောင် တွေဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုဖြတ်သန်းခဲ့ပြီ။ ငြိမ်းချမ်းမဲ့ လမ်းစတွေလည်း မပေါ်ဘူး။ ဒီလောက်ဦးရေပမာဏက စစ်ဘေးရှောင်ဦးရေ အဖြစ် ရှိနေသေးတယ်။ ဒါကို အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေချင်လို့ ထောက်ပြတာဖြစ်တယ်”ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

စစ်ဘေးရှောင်များကို အစိုးရ၏ထောက်ပံ့မှုမှာ နည်းပါးသည့်အတွက် လုံလောက်မှုမရှိဟုလည်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင်  (၁)နှစ်ကျော်အထိ ကြာမြင့်နေပြီဖြစ်သော တိုက်ပွဲများကြောင့် ယခုကဲ့သို့ စစ်ဘေးရှောင်အရေအတွက်မှာ မြင့်မားလာခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းစစ်ဘေးရှောင်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအပြင် သောက်ရေ သုံးရေများလည်း လိုအပ်မှုရှိနေကြောင်း သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...