KNPP ပြောက်ကျားတပ်များ အခြေပြုရာကို အစိုးရတပ် လိုက်လံရှာဖွေ

KNPP ပြောက်ကျားတပ်များ အခြေပြုရာကို အစိုးရတပ် လိုက်လံရှာဖွေ
ရှားတောမြို့နယ်တွင် အမဲလိုက်နေသည့် KNPP တပ်သားများကို တွေ့ရစဉ်။ (ဓါတ်ပုံ – KNPP)
ရှားတောမြို့နယ်တွင် အမဲလိုက်နေသည့် KNPP တပ်သားများကို တွေ့ရစဉ်။ (ဓါတ်ပုံ – KNPP)

ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း အခြေပြု လှုပ်ရှားနေတဲ့ အစိုးရတပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပြောက်ကျားတပ်ဖွဲ့ အခြေပြုရာ နေရာကို လိုက်လံရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရှားတောမြို့နယ် KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ပြောကြားချက်အရ သိရပါတယ်။

အစိုးရတပ် ၇၂ မှ ဒု - တပ်ရင်းမှူး ဦးဆောင်တဲ့ အင်အား ၂၀ ခန့်ပါအဖွဲ့က  နယ်မြေကျွမ်းကျင် အရပ်သားပြည်သူတစ်ဦးကို ခေါ်ဆောင်ပြီး ယခုလ ၂၀ ရက်နေ့က လိုက်လံ ရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်လှုပ်ရှားစစ်ကြောင်းက KNPP သစ်ထုတ်လုပ်နေမှုကို ဖမ်းဆီးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားကို ခေါ်ဆောင် လမ်းပြခိုင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

KNPP အနေနဲ့ သစ်ထုတ်လုပ်ခြင်းမရှိဘဲ ဒေသခံများ အိမ်ဆောက်ရန်နဲ့လိုအပ်တဲ့ အဆောက်အဦး ဆောက်လုပ်ဖို့ သစ်ကို အကန့်အသတ်နဲ့ ခုတ်ခွင့်ပေးထားခြင်းသာ ဖြစ်တယ်လို့ ရှားတောမြို့ KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ဆရာတော်ရယ်က ပြောပါတယ်။

“တပ်မတော်က ရွာသားတစ်ယောက်ကို ခေါ်သွားတယ်၊ သူတို့ ပြောတာကတော့ သစ် သွားဖမ်းမယ်ပေါ့၊ ကျနော်တို့ KNPP က သစ်ထုတ်နေတာ ဘာမှ မရှိဘူး၊ ရွာသားတွေ အိမ်ဆောက်ဖို့ သစ်ခုတ်ခွင့်ပြုထားတာပဲ ရှိတယ်”လို့ ပြောပါတယ်။

တပ်မတော်က အရပ်သားကို ခေါ်ဆောင်ပြီး KNPP တပ်တွေကို လိုက်လံရှာဖွေတဲ့ နေရာမှာ ပါလိုကျေးရွာ တောင်ဘက်ဖြစ်ပြီး KNPP ပြည်ထဲရေး လက်အောက်ခံ ပြောက်ကျားတပ်မှ အခြေပြုလှုပ်ရှားရာနေရာဖြစ်တယ်လို့ပြောပါတယ်။

တပ်မတော်က ခေါ်ဆောင်သွားတဲ့ရွာသားဟာ လက်ရှိအချိန်မှာတော့ နေရပ်ကို ပြန်လည် ရောက်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၂ ရက်နေ့ကလည်း စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ)မှ တာဝန်ရှိသူတစ်ဦးက လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးရုံးကို ဖုန်းဆက်ပြီး တိုင်းစစ်ဌာနချုပ် ညွန်ကြားချက်အရ KNPP မှ တောလိုက်မည်ဆိုပါက လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ ဖုန်းဖြင့် ဆက်သွယ်ကာ အသိပေး အကြောင်းကြားခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

မိမိတို့နယ်မြေတွင် လက်နက်ကိုင်ဆောင်နေခြင်းကို ယခုလို တားမြစ်လိုက်တာဟာ စော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ KNPP မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဆရာဖိုးရယ်က ပြောပါတယ်။

“ကျနော်တို့က တောထဲမှာ နေတဲ့လူတွေပဲဟာ။ လက်နက်ကိုင်ပြီး တောမလိုက်ရဘူးလို့ သွားပြောလို့ ဘယ်ရမတုန်း၊ ဒီလို ပြောတာကတော့ ကျနော်တို့ကို သက်သက် စော်ကားသလို ဖြစ်တာပေါ့” လို့ ပြောပါတယ်။

KNPP အနေဖြင့် အစိုးရနဲ့ ပြည်နယ်အဆင့် နှစ်ဦးနှစ်ဘက်သဘောတူစာချုပ် ( Bilatreal Agreement) ကို လက်မှတ်ရေးထိုးထားပြီး တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကိုတော့ KNPP မှ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...