JMC-S တွင် မပါသည့်အတွက် ပဋိပက္ခ ဖြေရှင်းရာတွင် ကြန့်ကြာရသည်ဟု မွန်ပြည်သစ်ပါတီ ပြော

JMC-S တွင် မပါသည့်အတွက် ပဋိပက္ခ ဖြေရှင်းရာတွင် ကြန့်ကြာရသည်ဟု မွန်ပြည်သစ်ပါတီ ပြော

မွန်ပြည်သစ်ပါတီ (NMSP) သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် ပါဝင်ခြင်းမရှိသည့်အတွက် ပဋိပက္ခများ ဖြေရှင်းရာတွင် ကြန့်ကြာစေသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်အတွင်း နိုဝင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တပ်မတော်၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့က ဝင်ရောက် နေရာယူခဲ့သည့် ကိစ္စရပ်များကို ဖြေရှင်းရာ အခက်အခဲရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်အောင်မငေး က “JMC-S မှာ မပါသေးတော့ အခက်အခဲတော့ရှိ တာပေါ့။ ဥပမာဆို ပြီးခဲ့တဲ့ ဂျပန်ရေတွင်းကိစ္စမှာ ကျနော်တို့ သွား ချဉ်းကပ်တဲ့အခါကျတော့ နည်းနည်း အချိန်လင့်သွားတယ်။ အချိန်နောက်ကျသွားတယ်” ဟု ပြောသည်။

JMC-S တွင် မပါသေးသည့်အတွက် တပ်မတော်နှင့် ပြဿနာဖြစ်လျှင် တပ်မတော်နှင့် တိုက်ရိုက် ညှိနှိုင်း၊ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဖြစ်လျှင် KNU နှင့် တိုက်ရိုက် ညှိနှိုင်းပြီး ဖြေရှင်းသည့်နည်းကို သုံးနေရကြောင်း အချိန်ကြန့်ကြာကြောင်း နိုင်အောင်မငေးက ဆက်ပြောသည်။

“ဥပမာ JMC-S မှာ မပါတဲ့အတွက်ကြောင့် တဆင့်ခံ ပြောရတာတွေ ချက်ချင်းချက်ချင်း မလုပ်နိုင်တာတွေ ဆိုတော့ ပြဿနာက တဆင့်ပြီးတဆင့် ထပ်ဖြစ်လာတဲ့ ကိစ္စတွေက ရှိလာတယ်”ဟု နိုင်အောင်မငေးက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီကို အစိုးရက မွန်ပြည်နယ် JMC-S တွင်သာ ပါဝင်ခွင့်ပေးပြီး ကရင်၊ တနင်္သာရီ JMC-S တို့တွင် ပါဝင်ခွင့်မပေးထားပေ။

မွန်ပြည်သစ်ပါတီအနေနှင့် မွန်၊ ကရင်၊ တနင်္သာရီ (JMC-S) ၃ နေရာစလုံးတွင် ပါဝင်နိုင်ရေး တင်ပြဆွေးနွေး ခဲ့ သော်လည်း နှစ်နှစ်နီးပါးရှိလာသည်ထိ ပြေလည်မှုမရှိသေးဟုလည်း မွန်ပြည်သစ်ပါတီ က ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက်ဆိုကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ထိရောက်သည့် ဖြေရှင်းမှုများ မလုပ်ဆောင်နေသေးကြောင်းလည်း ပြောသည်။

မွန်၊ ကရင်နှင့် တနင်္သာရီ JMC-S တို့တွင် ပါဝင်ခွင့်ရရန်၊ တပ်မတော်မှ သိမ်းယူထားသော တပ်တည်နေရာ အချို့ ပြန်လည်လွှဲပြောင်းပေးရန်ကိစ္စတို့ကို ဆွေးနွေးတောင်းဆိုလာခဲ့သော်လည်း ပြေလည်မှုမရှိသေးကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်များ ရှိသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...