အမေရိကန်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို ခရီးသွားလာခွင့်ကန့်သတ်မှုများ တိုးမြှင့်မည်

အမေရိကန်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို ခရီးသွားလာခွင့်ကန့်သတ်မှုများ တိုးမြှင့်မည်
ထရမ့်သည် အမေရိကန်သမ္မတရာထူးရယူပြီး ၇ ရက်မြောက်နေ့မှာပင် ပဏာမခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်မှုကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုစဉ်က ကန့်သတ်ပိတ်ပင်ခဲ့သည့် နိုင်ငံအများစုမှာ မွတ်ဆလင်နိုင်ငံများဖြစ်သည်။ (ဓာတ်ပုံ - BOB DAEMMRICH/ZUMA PRESS)
ထရမ့်သည် အမေရိကန်သမ္မတရာထူးရယူပြီး ၇ ရက်မြောက်နေ့မှာပင် ပဏာမခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်မှုကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုစဉ်က ကန့်သတ်ပိတ်ပင်ခဲ့သည့် နိုင်ငံအများစုမှာ မွတ်ဆလင်နိုင်ငံများဖြစ်သည်။ (ဓာတ်ပုံ - BOB DAEMMRICH/ZUMA PRESS)

ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် မြန်မာအပါအဝင် အာရှနှင့် အာဖရိကမှ နိုင်ငံပေါင်း ၇ နိုင်ငံကို ခရီးသွားလာခြင်းနှင့်ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်မှုများ တိုးမြှင့်သွားရန်စီစဉ်ထားသည်ဟု Wall Street Journal တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အမေရိကန်နိုင်ငံသို့ လာရောက်ခွင့်နှင့် ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်မှုများ တိုးမြှင့်သွားမည့် နိုင်ငံပေါင်း ၇ နိုင်ငံ ထဲတွင် ဘီလာရုစ်၊ ကာဂျစ်စတန်၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ဆူဒန်၊ အယ်ရစ်ထရီးယား နှင့် တန်ဇန်နီးယား နိုင်ငံတို့မှ ခရီးသွားများနှင့် ရွှေ့ပြောင်းအခြေချသူများ ပါဝင်လျက်ရှိကြောင်း အမေရိကန်အစိုးရအဖွဲ့မှ အရာရှိများက ပြောကြားသည်။

အဆိုပါနိုင်ငံများမှ ခရီးသွားများနှင့် ရွှေ့ပြောင်းအခြေချသူများကို အမေရိကန်နိုင်ငံသို့ လာရောက်ခွင့် လုံးဝပိတ်ပင်ခြင်းမျိုး မဟုတ်သော်လည်း ဗီဇာအမျိုးအစားကန့်သတ်မှုများ အပါအဝင် အခြားကန့်သတ်မှုများ တိုးမြှင့်ချမှတ်သွားမည်ဖြစ်ကြောင်း အစိုးရအရာရှိများက ပြောကြားသည်။

အမေရိကန်အစိုးရသည် အမေရိကန်တွင် ရွှေ့ပြောင်းအခြေချသူနည်းပါးသည့် နိုင်ငံများမှနိုင်ငံသားများကို မဲနှိုက်ပြီး မဲပေါက်သည့်ကံထူးရှင်များကို အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့် Green Cards ထုတ်ပေးလျက်ရှိရာ ယခုအခါ ထိုနိုင်ငံများထဲမှ နိုင်ငံအချို့ကို ယင်းအခွင့်အရေးဆက်လက်မပေးတော့ဘဲ ရပ်တန့်သွားဖွယ်ရှိနေသည်။

ထရမ့်အစိုးရသည် မဲနှိုက်ပြီး Green Cards ထုတ်ပေးသည့်အစီအစဉ်ကို ရပ်တန့်ရန်တောင်းဆိုဖူးပြီး ယင်းအစီအစဉ်သည် အမေရိကန်နိုင်ငံအတွက် မလိုအပ်သည့်သူများကို နိုင်ငံအတွင်း လာရောက်အခြေချနေထိုင်ခွင့်ပေးရာ ရောက်လျက် ရှိကြောင်း ပြောဆိုထားသည်။ ထို့ပြင်ထိုကဲ့သို့သော သူများအစား ကျွမ်းကျင်လုပ်သားများနိုင်ငံအတွင်းလာရောက်နေထိုင် စေမည့် ဗီဇာစနစ်မျိုးအဖြစ် ပြင်ဆင်ပြောင်းလဲရန်လည်း အဆိုပြုခဲ့ဖူးသည်။

ယခုထွက်ပေါ်လာသည့် နိုင်ငံ ၇ နိုင်ငံစာရင်းမှာ နောက်ဆုံးအတည်ပြုထားသည့်စာရင်း မဟုတ်သေးဘဲ အိမ်ဖြူတော်မှ တာဝန်ရှိသူများသည် ယင်းနိုင်ငံများထဲမှ တစ်နိုင်ငံ၊ သို့မဟုတ် နှစ်နိုင်ငံကို စာရင်းတွင်ထည့်သွင်းပြု၊ မပြုနှင့်ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယခုသတင်းနှင့်ပတ်သက်ပြီး အမိမြေလုံခြုံရေးဌာနက မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိသလို နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း ထို့အတူပင်ဖြစ်သည်။

ထရမ့်သည် အမေရိကန်သမ္မတရာထူးရယူပြီး ၇ ရက်မြောက်နေ့မှာပင် ပဏာမခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်မှုကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုစဉ်က ကန့်သတ်ပိတ်ပင်ခဲ့သည့် နိုင်ငံအများစုမှာ မွတ်ဆလင်နိုင်ငံများဖြစ်ကြကာ အကြမ်းဖက်မှုများ မဖြစ်ပေါ်အောင်ကြိုတင်ကာကွယ်ရန် ဖြစ်ကြောင်း ထရမ့်၏အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော် အစိုးရအဖွဲ့၏ယင်း ကန့်သတ်ပိတ်ပင်မှုကို အမေရိကန်တရားရုံးချုပ်က ပယ်ချခဲ့ပြီး ၂၀၁၇၊ စက်တင်ဘာတွင် တတိယအကြိမ်တင်သွင်းသည့် ခရီးသွားလာခွင့်ကန့်သတ်ပိတ်ပင်မှုမှသာ တရားရုံးချုပ်၏ အတည်ပြုမှုကို ရရှိခဲ့သည်။

လက်ရှိတွင် အမေရိကန်တို့၏ ခရီးသွားလာခွင့်ကန့်သတ်ပိတ်ပင်မှု ခံထားရသောနိုင်ငံများမှာ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယား၊ ယီမင် နှင့် မြောက်ကိုရီးယားတို့မှ လူပုဂ္ဂိုလ်များနှင့် ဗင်နီဇွဲလားမှ အစိုးရအရာများဖြစ်သည်။

ယခုတစ်ကြိမ် ခရီးသွားလာခွင့်ကန့်သတ်ပိတ်ပင်မှု တိုးမြှင့်ရန် ထွက်ပေါ်လာသည့်နိုင်ငံ ၇ နိုင်ငံမှာမူ ထိုစဉ်ကကဲ့သို့ အကြမ်းဖက်မှုအတွက် စိုးရိမ်ရသည့် မွတ်ဆလင်နိုင်ငံများ အများစုမဟုတ်ဘဲ အမေရိကန်နိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးပြီးနောက် တရားမဝင်ဆက်လက်နိုင်ထိုင်မှု မြင့်မားနေသည့် နိုင်ငံများဖြစ်သည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...