ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လူထုအသံတွေကို ပြည်နယ်လွှတ်တော်ကို တင်ပြရာမှာ အားရမှု မရှိ

ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လူထုအသံတွေကို ပြည်နယ်လွှတ်တော်ကို တင်ပြရာမှာ အားရမှု မရှိ
ကယန်းမျိုးဆက်သစ်လူငယ် KNGY၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂနှင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ရုံးတွင် တွေ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံ – KNGY)
ကယန်းမျိုးဆက်သစ်လူငယ် KNGY၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂနှင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ရုံးတွင် တွေ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံ – KNGY)

စိုးထိုက်အောင် — ၂၀၁၉ ခုနှစ်အတွင်းမှာ မြို့နယ်အဆင့် ၄ နေရာနှင့် ပြည်နယ်အဆင့် ၁ နေရာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲတွေက ရလာတဲ့ လူထုအသံတွေကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကို သွားရောက်တင်ပြခဲ့ကြပေမဲ့ ရလဒ်မကောင်းဘူးလို့ ကယန်းမျိုးဆက်သစ်လူငယ် အတွင်းရေးမှူး မူကက်သရင်းကပြောပါတယ်။



“လွှတ်တော်က တစ်ချို့အရာတွေကို အကောင်ထည်ဖော်ရင်ရနိုင်တယ် လို့တော့ပြောတယ် ။ ဒါပေမဲ့အာမခံချက်ရှိတဲ့အချက်တွေတော့ တစ်ချက်မှမပါခဲ့ဘူး။ ဒီအရာတွေက ကျတော်တို့လုပ်နိုင်တယ် ဆိုတာမျိုးတော့မရှိဘူး” လို့ မူကက်သရင်းက ပြောပါတယ်။

ငြိမ်းချမ်းရေး အတွက် လူထုတွေရဲ့ လိုလားတောင်းဆိုချက် တွေကို လွှတ်တော်ကတဆင့် အစိုးရဆီကိုရောက်ရှိသွားပြီးအကောင်အထည်ဖော်ဆောင်ရွက်စေလိုတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာလူထုအသံတွေသိဖို့ ၂၀၁၉ ဒီဇင်ဘာလ၂၀ ရက်နေ့က ကယန်းမျိုးဆက်သစ်လူငယ်(KNGY)နှင့် ကရင်နီပြည်တောင်သူလယ်သားသမဂ္ဂ(KSFU)တို့က လွှတ်တော်ရုံးမှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

“ဆွေးနွေးပွဲ ရလဒ်က ထင်ထားသလိုတော့ ဖြစ်မလာဘူးပေါ့နော်။ ကျမတို့ထင်တာကတော့ သူတို့ကလဲ တစ်စုံတရာ အစိုးရကို ပြန်ပြောနိုင်လိမ့်မယ်လို့ထင်ပါတယ်” လို့ မူကက်သရင်းကပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လူထုဆွေးနွေးပွဲတွေကနေ ရလာတဲ့ မြေယာနှင့်ပတ်ဝန်းကျင်အရေး၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ဒေသန္တရအုပ်ချုပ်ရေး၊ လူမှုရေးနှင့်ပညာရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေး၊ တောင်သူအရေးနဲ့ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းစတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဆီကို တင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

“ကျမတို့ရဲ့သဘောထားကတော့ ငြိမ်းချမ်းရေးတည်ဆောက်ပြီဆိုရင် လူထုတွေရဲ့အသံကို နားထောင်စေချင်တယ်။ လူထုတွေရဲ့ အသံတွေ၊ အကြံပြုချက်တွေကို ယူပြီးတော့မှ ငြိမ်းချမ်းရေရးတည်ဆောက်စေချင်တယ်” လို့ မူကက်သရင်းက ဆက်ပြောပါတယ်။

ပြည်နယ်အတွင်းလက်ရှိ စစ်တပ်ကနေ တောင်သူတွေအပေါ် တရားစွဲထားတဲ့ကိစ္စကိုလည်း ပြည်နယ်လွှတ်တော်ကနေ တောင်သူတွေတရားမျှတရဖို့အတွက် အသံထွက်ပေးဖို့တောင်းဆိုခဲ့ကြပေမယ့်လည်း အားရကျေနပ်မှုမရှိခဲ့ကြပါလို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌကိုတူရယ်ကပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကတော့ လွှတ်တော်ပိုင်းဆိုင်ရာအနေနဲ့သူတို့က ဒီတောင်သူတွေရဲ့အရေးကိစ္စကို ဒီပြည်နယ်အဆင့်မှာဆောင်ရွက်ပေးနိုင်တဲ့နည်းလမ်းတွေက ကုန်သွားပြီဆိုတဲ့ပုံစံမျိုးပြောလာတော့ ကျတော်စိတ်တော့မကောင်းဘူးပေါ့”လို့ကိုတူရယ်က ပြောပါတယ်။

တောင်သူတွေကို တရားစွဲထားတဲ့ကိစ္စရပ်တွေ ၊ တပ်သိမ်းမြေတွေကြောင့် တောင်သူတွေ စားဝတ်နေရေး အခက်ကြုံရတာတွေဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းတွေမှာ လာပြီးတော့ အကျိုးသက်ရောက်စေနိုင်တဲ့အတွက်ကြောင့် အခုလို တင်ပြရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိကယားပြည်နယ်လွှတ်တော်အနေနဲ့ ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ၊ တောင်သူအရေးနဲ့ပတ်သက်တာတွေ ဘာတွေဆောင်ရွက်ဖို့အစီအစဉ်ရှိလဲဆိုတာ ကို ကန္တာရဝတီတိုင်း(မ်)က လွှတ်တော်ရုံးကို မေးမြန်းချက်တချို့တင်ပြထားပေမယ့်လည်း ယခုချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...