Published
Monday, January 30, 2017
မြန်မာဘာသာ အစီအစဉ် (ဇန်နဝါရီ ၂၉၊ ၂၀၁၇)
ချင်းပြည်နယ်အစိုုးရက သဘာဝဘေးသင့် ပြည်သူတွေအတွက် ချပေးထားတဲ့ အိမ်ယာတွေမှာ လာမည့်မတ်လကုန်အထိ လာရောက် နေထိုင်မှု မရှိရင် ပြန်သိမ်းယူတော့မယ်လို့ ပြောပါတယ်။
ရခိုင်ပြည်မှာ ကောလဟာလ သတင်းတွေကြောင့် ကျန်းမာရေးဌာနရဲ့ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးတဲ့စီမံချက် အဆင်မပြေ ဖြစ်နေရ တယ်လို့ ပြောပါတယ်။
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဒေသအလုုိက် ဆက်ကျင်းပသွားမယ်လို့ ကရင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအပြီးမှာ ထုုတ်ပြန်ပြောဆိုလုုိက်ပါတယ်။






