ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲစီစဉ်သူ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံး၊ ထောက်ခံပွဲပျက်သွား

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲစီစဉ်သူ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံး၊ ထောက်ခံပွဲပျက်သွား
ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း
ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း

ချလူးအောင် — အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အမှုရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ထောက်ခံပြုလုပ်ရန်စီစဉ်သူ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းက ပျောက်ဆုံးသွားသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က DMG ကို အတည်ပြုသည်။

“ဆိုင်ကယ်ပါ လူပါပျောက်နေတယ်။ သူပျောက်ဆုံးမှုနဲ့ပတ်သက်လို့ ရဲကတော့ လိုက်ရှာနေကြတယ်”ဟု ဦးရွှေလှအောင်က ပြောသည်။

ICJ တွင် အမှုရင်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဘူးသီးတောင်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသည်။

သို့သော် ပါတီဥက္ကဋ္ဌ ပျောက်ဆုံးနေသောကြောင့် ထောက်ခံပွဲပျက်သွားကာ ပါတီရုံးလည်းပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန် လျှို့ဝှက်ကြံစည်သည်ဟု စွပ်စွဲချက်များဖြင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမှုဖွင့်ထားသောကြောင့် မြန်မာအစိုးရ ရင်ဆိုင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန် သွားရောက်ဖြေရှင်းမည် ဖြစ်သောကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ တစ်ညီတစ်ညွှတ်တည်း ထောက်ခံပွဲပြုလုပ်မည်ဟု ဦးရဲသိန်းက ဒီဇင်ဘာလ (၇)ရက်နေ့တွင် DMG ကို ပြောဆိုခဲ့သည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...