ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တပ်မတော်က ပြန်လည်ပစ်ခတ်

ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တပ်မတော်က ပြန်လည်ပစ်ခတ်
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုသည် ရှားပါးဖြစ်စဉ်ဖြစ်သည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုသည် ရှားပါးဖြစ်စဉ်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့၊ ညနေ (၆)နာရီကျော်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထိုသို့ မိုင်း(၂)လုံးပေါက်ကွဲခဲ့သောကြောင့် တပ်မတော်ယာဉ်တန်းမှ အနီးအနားကို သေနတ်ဖြင့် (၁၅)မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီး နေအိမ်အနီးများသို့ ကျရောက်ခဲ့သဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။

“ကျွန်တော်တို့ မိုင်တိုင်အမှတ်(၈၅/၄)နဲ့ နည်းနည်းအကွာပေါ့။ အဲဒီနားမှာ ကွန်ကရစ်တံတားတစ်စင်းပေါ့။ ကျောက်ဖြူဖက်ကလာရင် ညာဖက်အခြမ်းပေါ့။ အဲဒီတံတားထိပ်နဲ့ နည်းနည်းအကွာမှာ မိုင်းတစ်လုံးကွဲတယ်။ မိုင်းကွဲတဲ့အနား သုံးပေအကွာမှာပဲ နောက်ထပ်မိုင်းတစ်လုံးကွဲတာကို တွေ့ရတယ်။ နောက်ပြီးတော့ အဲဒီကကျော်သွားပြီးတော့ ကျောက်ဖြူဖက်ကိုသွားတဲ့ ရမ်းဗြဲခွဆုံ အနားမှာတော့ သေနတ်နဲ့ပစ်ထားတဲ့ ကျည်ဆံခွံတွေ တွေ့ရတယ်”ဟု ပေါက်ပြင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က DMG ကိုပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော် လည်း အဆက်အသွယ်မရပေ။ အလားတူ ရက္ခိုင့်တပ်တော်(AA)ကို ဆက်သွယ်ရာတွင်လည်း မသိရှိသေးကြောင်း ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဖြေကြားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုသည် ရှားပါးဖြစ်စဉ်ဖြစ်သည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...