ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦးသေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ရဲကိုတိုင်

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦးသေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ရဲကိုတိုင်
ဓာတ်ပုံ - ညီညီအောင်
ဓာတ်ပုံ - ညီညီအောင်

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာတွင် ဒီဇင်ဘာလ ၁၁ ရက်၊ ညဉ့်  ၁၁ နာရီကျော်ခန့်၌ တပ်မတော်က သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံးပြီး အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များက DMG ကို ပြောသည်။

ထို့ကြောင့် အခင်းဖြစ်ပွားသည့် နေရာကို လာရောက်စစ်ဆေးပြီး အမှုဖွင့်လှစ်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် မင်းပြားမြို့မရဲစခန်းကို သေဆုံးသူ၏ ဖခင်နှစ်ဦးက တိုင်ကြားထားသည်။

မင်းပြားမြို့မရဲစခန်းမှ ဒုရဲမှူး အောင်မြသန်းက “(တိုင်ကြားတာ)ဟုတ်တယ်။ အဲဒါ ကျနော်တို့ဆောင်ရွက်နေဆဲမို့လို့ ပြောလို့မရသေးဘူး” ဟု ပြောသည်။

တပ်မတော်သားများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို မေးမြန်းပြီး ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာသည်။ အိမ်သို့ရောက်ရှိစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း(အသက် ၄၂ နှစ်)ကို သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်းကြောင့် နေအိမ်၌ပင် သေဆုံးသွားသည်။ ထို့အပြင် ကလေး(၃)ဦး၏ မိခင် ဒေါ်ဖြူဖြူဝင်း(အသက် ၃၉ နှစ်)မှာလည်း ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသွားသည်ဟု  အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...