ကျောက်ဖြူတွင် ပစ်ခတ်မှုဖြစ်ပွား

ကျောက်ဖြူတွင် ပစ်ခတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ပေါက်ပြင်ကျေးရွာအုပ်စု မြင်းပြင်ကျေးရွာ လမ်းဆုံအနီးတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့ ညနေ(၆)နာရီကျော်အချိန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ပေါက်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က DMG ကိုပြောသည်။

"ကြားတာကတော့ ပထမ ကျွန်တော်တို့ (၆)နာရီ (၄၅)မှာက မိုင်းကွဲသံတော့ အကြီး(၂)ချက်ကြားတယ်။ (၅)မိနစ်လောက်အကွာမှာတော့ လက်နက်ငယ်နဲ့ (၁၅)မိနစ်လောက် ပစ်တာပေါ့။ ဖြစ်တာကတော့ ပေါက်ပြင်ရဲ့အလွန် ရမ်းဗြဲကိုသွားတဲ့ခွဆုံကို မရောက်ခင် အဲဒီနားလေးမှာ ပစ်တာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါပစ်ခတ်မှုမှာ တပ်မတော်နှင့် ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခြင်းဟုတ်၊ မဟုတ် မသိရှိပေ။ မနက်ဖြန်သွားရောက် ကြည့်ရှုမှ အတိအကျပြောနိုင်မည်ဟု ၎င်းကဆိုသည်။

"တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်တာလား၊ သို့တည်းမဟုတ် ဘာတွေဖြစ်တယ်ဆိုတာတော့ မနက်ကျမှ စုံစမ်းပြီးမှ သိရမယ်" ဟု ဦးကျော်ကျော်ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့မရခဲ့ပေ။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...