မင်းပြားတွင် ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပါက်ကွဲမှုကြောင့် လူ (၁၀)ဦးဒဏ်ရာရ

မင်းပြားတွင် ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပါက်ကွဲမှုကြောင့် လူ (၁၀)ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာထဲသို့ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)၊နံနက် (၉) နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား (၁၀)ဦး ဒဏ်ရာရရှိသွားပြီး (၂)ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ဦးထွန်းဝင်းစိန်(အသက် ၅၇ နှစ်)မှာ ပေါင်တွင်ဒဏ်ရာရရှိသွားပြီး ဒေါ်မသိန်းကြည်(အသက် ၅၅ နှစ်)မှာ တင်ပါးတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသောကြောင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှုခံယူထားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနီချေက ပြောသည်။

“ဒဏ်ရာရသူတွေကတော့ (၁၀)ဦးပါ။ ဒဏ်ရာအနည်းရတဲ့သူတွေကတော့ ကြောက်လို့ထွက်ပြေးသွားကြတယ်။ ဦးထွန်းဝင်းစိန်နဲ့ ဒေါ်မသိန်းကြည်မှာတော့ ဒဏ်ရာများတယ်” ဟု ဦးနီချေက ပြောသည်။ ကုလားမတောင်ကျေးရွာသို့ မည်သည့် လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည်ကို မသိရှိသေးပေ။

အဆိုပါ ကျေးရွာ၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာ မင်းပုံ့တောင်တွင် ယနေ့ နံနက် (၃)နာရီခန့်က စတင်ကာ တပ်မတော်နှင့်  ရက္ခိုင့်တပ်တော်(AA)တို့ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်။ ထို့အပြင် မင်းပြားမြို့အဝင် ရာမောင်တံတားအနီးတို့တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု မွန်းလွဲ (၁၂)နာရီခွဲတွင် ဒေသခံများက  ပြောသည်။

ယင်းရွာတွင် လူဦးရေ (၂၀၀၀)ခန့်နေထိုင်ပြီး ထပ်မံလက်နက်ကြီးကျည်များ ကျရောက်မည်ကိုစိုးရိမ်၍ ရွာသားအများစုမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ကျည်ဆန်ထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား (၁၀၀)ခန့်သဆုံးကာ ဒဏ်ရာရရှိသူ (၁၃၀)ခန့်ရှိသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...