ပလက်ဝက ဒေသခံများ ထိခိုက်မှုကိစ္စ တပ်မတော်နှင့် AA အပြန်အလှန်စွပ်စွဲ

ပလက်ဝက ဒေသခံများ ထိခိုက်မှုကိစ္စ တပ်မတော်နှင့် AA အပြန်အလှန်စွပ်စွဲ
Photo - Paletwah Hospital
Photo - Paletwah Hospital

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဘူးကျေးရွာအနီး ကုလားတန်မြစ်အတွင်းတွင် ခရီးသည်တင်ရေယာဉ် တစ်စီး လက်နက်ကြီးကျည်ဆံ ထိမှန်၍ (၂) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပြန်အလှန် စွပ်စွဲနေကြသည်။

အဆိုပါ စက်လှေသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပလက်ဝမြို့မှ တောင်ပြိုမြို့ဘက်သို့ ကုလားတန်မြစ်အတိုင်း ထွက်ခွာလာပြီး နှုန်းဘူးကျေးရွာတွင် ကမ်းကပ်စဉ် AA တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် အသက် (၁)နှစ်ကျော် ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား (၄)ဦး အမျိုး သမီး (၁)ဦးတို့  ဒဏ်ရာရရှိသွားပြီး အမျိုးသား (၁)ဦးပျောက်ဆုံးလျက်ရှိသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက ယနေ့ သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နှင့် တောင်ပြိုမြို့အကြားတွင် ခမရ (၂၈၉) တပ်ရင်းမှ တစ်ဖက်သတ် ပစ်ခတ်နေမှု၊ကြောက်လန့်၍ ရမ်းသန်းပစ်ခတ်နေမှုများ၊ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများမှလွဲ၍ ယင်းပတ်ဝန်းကျင်တွင် မိမိတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု AA ဘက်က သတင်းထုတ်ပြန်သည်။

ထို့အပြင် မြန်မာ့တပ်မတော်က ရမ်းသန်းပစ်ခတ်မှုကြောင့် ကုလားတန်မြစ်အတွင်း သွားလာနေသည့် စက်လှေပေါ်မှ ခရီးသည် (၃)ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၆) ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...