လွိုင်ကော်မြို့ နယ်၊ ပွန်ချောင်းဘေးတွင် တရားမဝင်သစ်များ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

လွိုင်ကော်မြို့ နယ်၊ ပွန်ချောင်းဘေးတွင် တရားမဝင်သစ်များ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ ပွန်ချောင်းဘေးတွင် ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၇ ရက်နေ့မှာ တရားမဝင်သစ်များ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ လွိုင်ကော်မြို့ နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှုး ဦးသောင်းတင်ဌေးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ ပိုင်ရှင်တော့ မမိဘူး။ တပ်မတော်စစ်ကြောင်းက အရင်စတွေ့ တယ်ဆိုတော့လေ။ ကျွန်တော်တို့က နောက်တစ်နေ့မှ လိုက်သွားတာ ” လို့ ဦးသောင်းတင်ဌေးက ပြောပါတယ်။

ခလရ( ၄၂၉) တပ်ရင်းမှ ဗိုလ်မှုးဇော်ဝင်းအောင် ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့အစည်းက တွေ့ ရှိပြီး သစ်တောဦးစီးဌာနကို အကြောင်းကြားရာမှ ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သစ်ယာသစ်များဖြစ်ပြီး အားလုံးပေါင်း (၃၁.၇၁၀၀) တန် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

သွားလာရေး အခက်အခဲရှိတဲ့ နေရာဖြစ်တဲ့အတွက် လုံခြုံစိတ်ချမဲ့ နေရာကို သယ်ယူနိုင်ဖို့ စီစဉ်နေဆဲဖြစ်ကြောင်းနဲ့ သစ်ထုတ်လုပ်သူများအား စုံစမ်းနေဆဲဖြစ်တယ်လို့ ဦးသောင်းတင်ဌေးက ပြောပါတယ်။

“ သယ်ယူနိုင်မဲ့ လမ်းကြောင်းကို အရင်ဆုံး ကျွန်တော်တို့ သွားကြည့်ခိုင်းတယ်ပေါ့လေ။ ပထမ ပဏာမ သွားကြည့်ခိုင်းတယ်ပေါ့ ကြည့်ပြီးမှ လုံခြုံစိတ်ချရတဲ့ နေရာကို သယ်ဖို့ပေါ့။ လောလောဆယ်တော့ အဲ့ဒီမှာတော့ စစ်ကြောင်း တစ်ကြောင်းက အခြေပြုနေတယ်ဆိုတော့ သူတို့ စစ်ကြောင်း မရှိတော့ရင်တော့ ပျောက်ရှနိုင်တယ်ပေါ့။ အခုတော့ သယ်ဖို့ လုပ်ဆောင်နေတယ်။ ပိုင်ရှင်လည်း မတွေ့တော့ အရေးယူဖို့ကတော့ မရှိနိုင်ပါဘူး ” လို့ သူက ပြောပါတယ်။

သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိတဲ့ သစ်များကို မြန်မာ့သစ်လုပ်ငန်းကို အပ်နှံပြီး ၎င်းတို့က လေလံပစ်ပြီး နိုင်ငံတော် ဘဏ္ဍာငွေ ရရှိအောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၁၈ခုနှစ် အရှေ့သံလွင်ဘက်တွေမှာ သစ်တန်ချိန် တစ်သောင်းတစ်ထောင်ကျော်အထိ ဖမ်းဆီးရမိတယ်လို့ဆိုပြီး သစ်တွေကို ထုတ်လုပ်ဖို့ အစိုးရကနေ ကုမ္မဏီတွေကို သယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...