Published
Monday, January 23, 2017
ရခိုင်ဘာသာ အစီအစဉ် (ဇန်နဝါရီ ၂၂၊ ၂၀၁၇)
သမိုင်းဝင် မဟာမုနိဘုရားပေါ်က ရွှေတွေကို ခွာယူပြီးတဲ့နောက် ဂေါပကအဖွဲ့က ရွှေကပ်ခွင့် ထပ်ပြီးခွင့်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ရခိုင်ပြည်သူတွေကိုင်ဆောင်အသုံးပြုနေတဲ့ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ်ပြား(စက္ကူကတ်)တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်(SmartCard) တွေနဲ့ အစားထိုးလဲလှယ်ဖို့ စီစဉ်နေပါတယ်။
မောင်တောမြို့နယ်ထဲက ဘင်္ဂါလီရွာတွေမှာ ကောလဟာလသတင်းမှားတွေကြောင့် ကျန်းမာရေးဌာနရဲ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးစီမံချက် အဆင်မပြေဖြစ်နေရတယ်လို့ မောင်တောမြို့နယ် ဆရာဝန်ကြီးက ပြောပါတယ်။






