အထက်တန်းကျောင်းဝရန်တာပြိုကျ ဒဏ်ရာရကျောင်းသူ ၃ ဦးသာဆေးရုံတွင်ကျန်ရှိ

အထက်တန်းကျောင်းဝရန်တာပြိုကျ ဒဏ်ရာရကျောင်းသူ ၃ ဦးသာဆေးရုံတွင်ကျန်ရှိ
 ပြိုကျသည့်ကျောင်းဝရန်တာနေရာ(Aung Kyaw Thu FB)
ပြိုကျသည့်ကျောင်းဝရန်တာနေရာ(Aung Kyaw Thu FB)

အဂ္ဂနွန် — မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ အထက်တန်းကျောင်းဝရန်တာ နိုဝင်ဘာ ၈ ရက်နေ့က ပြိုကျခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသည့်ကျောင်းသူများအနက် ယနေ့တွင် ၃ ဦးသာ ဆေးရုံ၌ကျန်ရှိတော့ကြောင်း သတင်းရရှိသည်။

ကျောင်းကထိန်နှင့် ကျောင်းဆရာမနုတ်ဆက်ပွဲသို့ ကျောင်းသူကျောင်းသားများ စုပြုံတက်ရောက်လာစဉ် ၁၀ ပေခန့်အမြင့်ရှိ စာသင်ကျောင်းဝရန်တာ ပြိုကျခဲ့ခြင်းဖြစ်သည်။

“ကန်တော့ဖို့ ပွင့်ဦးရတနာဆောင်အပေါ်ထပ်ကို ယောကျ်ားလေးတွေက လှေကားတစ်ဖက် မိန်းကလေးတွေက လှေကားတစ်ဖက်တက်ရောက်တော့ ယောကျ်ားလေးတွေက အခန်းထဲရောက်နေပြီး မိန်းကလေးတွေက အပြင်မှာရပ်နေတဲ့ အချိန်ထဲမှာပဲ ဝရန်တာပြိုခဲ့တယ်၊ ပြောလို့ရှိရင်  ခံနိုင်အားမရှိတော့လို့ပေါ့နော်၊” ဟု အထက်တန်းပြ ဆရာမ ဒေါ်မိုးမိုးလှိုင်က ပြောသည်။

ဝရန်တာပြိုကျစဉ်တွင် ၉ တန်း ကျောင်းသူ ၂၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ပွန်းပဲ့ဒဏ်ရာ ခြေထောက်နှင့် လက်ကျိုးဒဏ်ရာရသူ ၁၂ ဦးကို သထုံခရိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။

ကျောင်းသူတစ်ဦးဖခင် ဦးအောင်နိုင်က “အမြင့်ကနေကျတယ်ဆိုတော့ ခြေဖနောက်တွေဘာတွေကျဉ်တယ်။ အသားတွေဘာတွေ ကြေလားမသိဘူး၊ ဆရာတွေကို သွားကန့်တော့ဖို့ တက်တဲ့အချိန်မှာပဲ ဖြစ်လိုက်တာကို သူတို့စိတ်ထဲမှာ သိတောင်မသိလိုက်ဘူး၊ ပြီးမှသာ ငိုကြယိုကြလန့်သွားတာကို ဒီလောက်ဖြစ်တာကို ကံကောင်းတယ်လို့ ပြောရမှာပဲ၊ ဝရန်တာအောက်မှာ ကျောင်းသားမရှိ ကလေးမရှိတာ သက်သာတယ်လို့ ပြောရမယ်။”

၁၉၇၃ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည့် အဆိုပါကျောင်းဆောင်ကို ယခုအခါ အန္တရာယ်အဆောင်ဟူ၍သတ်မှတ်ပြီး ပိတ်ထားလိုက်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပေါင်မြို့နယ် ကျားဘိုကျေးရွာ အထက်တန်းကျောင်း(ခွဲ) စာသင်ခန်းမျက်နှာကျက်ပြိုကျမှုဖြစ်စဉ်တွင် ကျောင်းသား/သူအချို့ ထိခိုက်ဒဏ်ရာရှိခဲ့ဘူးသည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...