Published
Friday, January 20, 2017
ကရင်ဘာသာ အစီအစဉ် (ဇန်နဝါရီ ၁၈၊ ၂၀၁၇)
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ တင်သွင်းမဲ့ အခြေခံမူဝါဒတွေကို ဒေသအသီးသီးက ကရင်အမျိုးသား ကိုယ်စားလှယ်တွေက ဖားအံမြို့၊ ဇွဲကပင်ခန်းမမှာ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲမှာ ဆွေးနွေးချမှတ်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်က အထင်ကရ ဇွဲကပင်တောင် ကေဘယ်ကား(Cable Car) စီမံကိန်း အကောင်ထည်ဖော်ဖို့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီတွေက လက်မှတ်ထိုးလိုက်ပါပြီး ဖြစ်ပါတယ်။
နယ်စပ်ကျန်းမာရေးလုပ်သားတွေရဲ့ အရည်အသွေးမြှင့်တင်ရေး ၅ ကြိမ်မြောက် လူထုကျန်းမာရေး အောင်လက်မှတ်သင်းတန်းမှာ နောက်ထပ် ကျန်းမာရေးလုပ်သား ၄၀ နီးပါး တက်ရောက်အောင်မြင်ခဲ့ပါတယ်။







