စစ်သားမှ သက်ငယ်မုဒိမ်းပြု တရားမျှတမှု စီရင်နိုင်ရန် စောင့်ကြည့်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြောကြား

စစ်သားမှ သက်ငယ်မုဒိမ်းပြု တရားမျှတမှု စီရင်နိုင်ရန် စောင့်ကြည့်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြောကြား

ဖရူဆိုမြို့နယ်အတွင်း အမှတ် ၄၂၈ တပ်ရင်းမှ စစ်သားတစ်ဦး သက်ငယ်မုဒိမ်းပြုကျင့်မှု အရပ်ဘက်တွင် ဖြစ်ပွားသည့်အတွက် အရပ်ဘက်တရားစီရင်မှုအတိုင်း တရားမျှမျှတတ စီရင်နိုင်ရန် စောင့်ကြည့်ကူညီပေးသွားမည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူက ပြောပါသည်။

“ကျွန်မတို့ကတော့ တရားဥပဒေလမ်းကြောင်းအတိုင်းပဲ သွားစေချင်တယ်။ တကယ်လို့ သူတို့ကခြိမ်းခြောက်လို့ ပြဿနာတစ်စုံတစ်ခုဖြစ်ရင်တော့ အန်တီကိုဖုန်းဆက်လို့ အခုချိန်ထိတော့သူမဆက်ပါဘူး။ အန်တီကတော့ အထက်ဗဟိုအမျိုးသမီးနဲ့ ဆက်သွယ်ထားတယ်။ တကယ်လို့ပြဿနာတစုံတခုဖြစ်ရင် ကျွန်မကိုအကူအညီပေးပါလို့ တောင်းထားတယ် သူတို့လည်းကူညီပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ဒီမှာ ဘာမှမဆက်သွယ်လာဘူး။” ဟု ဒေါ်ရှားမူက ပြောပါသည်။

မိမိအနေဖြင့် ဗဟိုအမျိုးသမီးအဖွဲ့ကိုလည်း အကူညီတောင်းထားကြောင့် ၊ လိုက်ပါဆောင်ရွက်သည့် အမျိုးသမီးအဖွဲ့များအနေဖြင့်လည်း အကူအညီလိုပါက မိမိကိုယ် အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ဒေါ်ရှားမူက ဆက်ပြောသွားပါသည်။

ပြုကျင့်ခံရသူ ကလေးမ၏ ဖခင်ဖြစ်သူက ဖရူဆိုမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည့်အတွက် စစ်ဘက်မှ စစ်ဆေးပြီးပါက အရပ်ဘက်သို့ လွှဲပြောင်းမည်ဟု ကြားသိထားရသည်။

“စစ်တရားရုံးကိုမနေ့က စစ်ဆေးပြီးပြီလို့ကြားတယ်။ စစ်ပြီးရင် အရပ်ဘက်ကိုလွှဲပြောင်းပေးမယ်ပြောတယ်။ စစ်တရားရုံးက မနေ့ကမှပဲ ပြီးတယ်။ စစ်တပ်ရဲ့လုပ်ထုံးလုပ်နည်းပေါ့။ အဲဒါပြီးရင် အရပ်ဘက်ကိုပြန်လွှဲပေးမယ် ပြောတယ်။ သူလွှဲပေးမပေးစောင့်ကြည့်ရမယ်ပေါ့။” ဟု အမျိုးသမီးအခွင့်အရေးဆုံးရှုံးမှုအတွက် လိုက်ပါကူ ညီဆောင်ရွက်နေသည့် ကရင်နီအမျိုးသမီးအစည်းအရုံးမှ တာဝန်ခံ မမီးမီးက ပြောပါသည်။

လွှတ်တော်အမတ်များအနေဖြင့် မိမိတို့၏မဲဆန္ဒနယ်မြေအတွင်း အခြေအနေများကို နားစွင့် စောင့်ကြည့်ခြင်း၊ အရပ်ဘက်တွင် ဖြစ်ပွားသည့်အတွက် အရပ်ဘက်တွင် တရားစီရင်ခွင့်ရရှိရေးအတွက် တောင်ဆိုပေးခြင်း ၊ အကယ်၍ အရပ်ဘက်သို့ လွှဲပြောင်းပြီးပါက တရားစီရင်မှုအပိုင်းတွင်လည်း တရားမျှမျှတတရှိမရှိဆိုသည့် အချက်များကိုလည်း စောင့်ကြည့်ပေးသွားမည်ဆိုပါက တရားမျှတမှု ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း မမီးမီးက ဆက်ပြောပါသည်။

“မျှမျှတတစီရင်းလားမစီရင်ဘူးလားဆိုတာ လွှတ်တော်အမတ်တွေက ဒါကိုသိပြီး တရားစီရင်ရေးကလည်း လက်လွတ်စပယ် မစီရင်ဖို့ အခွင့်အရေးမရှိဘူးပေါ့။”ဟု မမီးမီးက ပြောပါသည်။

အတင်းအဓမ္မပြုကျင့်ခံရသည့် ကလေးမလေးအတွက် တရားမျှမျှတတရရှိစေရန် အမျိုးသမီးအဖွဲ့များအနေဖြင့် လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သူမ၏ ကျန်းမာရေးအခြေအနေများကိုလည်း စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် အချိန်၊ ဖရူဆိုမြို့ အားကစားကွင်းတွင် အသက် ၁၃ နှစ်ကျော် အမျိုးသမီးငယ်တစ်ဦးကို ၄၂၈ တပ်မှ စစ်တပ်က အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

၎င်းအမျိုးသမီးငယ်မှာ ဖရူဆိုမြို့နယ် ရာဧပရားကျေးရွာအုပ်စုအတွင်းမှ ကျေးရွာတစ်ရွာတွင် နေထိုင်သည့်သူ ဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းတွင် ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် သက်ငယ်မုဒိမ်းမှုတစ်ခုကို ထောင်ဒဏ်နှစ် ၂၀ နှင့် အလုပ်ကြမ်းကျခံရန် တရားစီရင်ချမှတ်ခံလိုက်ရသည့် အမှုလည်းရှိခဲ့သည်။

September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...