ကရင်နီဘာသာ အစီအစဉ်(ဇန်နဝါရီ ၁၂၊ ၂၀၁၇)

ကရင်နီဘာသာ အစီအစဉ်(ဇန်နဝါရီ ၁၂၊ ၂၀၁၇)
အရည်သွေးမပြည့်မီတဲ့ ဆိုလျားကူးကျေးရွာလမ်းကို ပြည်သူ့ငွေစာရင်းစောင့်ကြည့်လေ့လာရေးကော်မတီက တတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပါတယ်။ သံလွင်မြစ် လွတ်လပ်စွာ စီးဆင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖားဆောင်းမြို့မှာ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ကယားပြည်နယ်က မြို့နယ်တချို့ကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဖားဆောင်းမြို့အနီး သံလွင်မြစ်ပေါ်မှာ လူငယ်တွေ သံလွင်ဆုတောင်းပွဲ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ သံလွင်မြစ် ဖြတ်သန်းစီးဆင်းလာတဲ့ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်က လူငယ်တွေလည်း လာရောက်ခဲ့ကြပါတယ်။ လူငယ်တွေက သံလွင်မြစ်နဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုခဲ့ကြပါသလဲ။ လူငယ်တွေ တောင်းဆိုချက်တွေကို ပြန်လည်ပြင်ဆင်မှုတွေ မလုပ်ပေးရင် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး ကော်မတီမှာ ကယား(ကရင်နီ)လူငယ်တွေ ပါဝင်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။
May 13, 2026
- မြစ်ကြီးနားလေဆိပ်ကနေ ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်လက်မှတ်တွေ ဝယ်ယူရခက်ခဲပြီး တချို့နေရာတွေမှာ...
May 13, 2026
- အရှေ့ပိုးကရင်စာ စကားလုံးအသုံးအနှုန်းတွေကို နည်းပညာနဲ့ အလွယ်တကူ ရှာဖွေလေ့လာနိုင်မဲ့ ပထမဦးဆုံး...
May 12, 2026
- ရခိုင်မှာ ဆရာဝန်လိုအပ်ချက်ကြောင့် ဒေသခံတွေမှာ ကျန်းမာရေးကဏ္ဍ အခက်ကြုံတွေ့ နေကြရပါ တယ်...
May 12, 2026
- လားရှိုးမြို့ကို စစ်အုပ်စုက တစ်နှစ်ကျော်ကြာပြန်လည်ထိန်းချုပ်ထားပေမဲ့  ခိုးဆိုးလုယက်မှုနဲ့...