ပြည်နယ်တွင်းရှိ တောင်သူများ ဓာတ်မြေသြဇာအသုံးပြုမှု ၉၁ ရာခိုင်နှုန်းထိရှိ

ပြည်နယ်တွင်းရှိ တောင်သူများ ဓာတ်မြေသြဇာအသုံးပြုမှု ၉၁ ရာခိုင်နှုန်းထိရှိ

ကယားပြည်နယ်အတွင်း သီးနှံအထွက်တိုးရန် ဓါတုဓာတ်မြေသြဇာအသုံးပြုမှုသည့် တောင်သူများ ၉၁ ရာခိုင်နှုန်းထိ ရှိနေသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၏ ပြုစုထားသည့် စာရင်းအရသိရှိရပါသည်။

ဓါတ်မြေသြဇာအသုံးပြုမှု၏ ဆိုးကျိုးကို တစိတ်တဒေသ သိရှိနားလည်သော်လည်း သီးနှံအထွက် တိုးစေရန် ဓါတ်မြေသြဇာကို သုံးရကြောင်း တောင်သူတစ်ဦးမှပြောသွားပါသည်။

“ဓါတ်မြေသြဇာကို သုံးရင်အန္တာရယ်ရှိတာသိပေမဲ့ မြေသြဇာကို မဖြစ်မနေသုံးရတယ်။ သီးနှံအထွက်တိုးဖို့ပေ့ါ။″ဟု တောင်သူတစ်ဦးမှ ပြောပါသည်။

ဓါတ်မြေသြဇာသုံးခြင်းဖြင့် သီးနှံအထွက်တိုးစေသော်လည်း ထွက်လာသည့်သီးနှံများသည် ဓါတ်မြေသြဇာ အသုံးပြုထားသည့်အတွက် ကျန်းမာရေးအတွက် လုံခြုံမှုမရှိနိုင်ကြောင်း၊ သီးနှံအရည်အသွေးအာနိသင်သည် သဘာဝအတိုင်းမဟုတ်တော့ဘဲ ဓာတုအဆိပ်များဖြင့်သာပြည့်နေကြောင်း ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးတူရယ်မှ သဘာဝမြေသြဇာကိုမသုံးသင့်ကြောင်း ပြောသွားပါသည်။

” ဓါတ်မြေသြဇာသုံးပြီး သီးနှံထွက်တိုးတာက ငြင်းလို့မရပါဘူး။ မှန်ပါတယ်။ ဒါပေမဲ့တဖက်မှာက သူ့ရဲ့ဆိုးကျိုးတွေအများကြီးလိုက်လာတယ်။”ဟု ဦးတူရယ်က ပြောပါသည်။

ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည်တို့အား အသုံးပြုလျှင် အကာအကွယ်ပစ္စည်းဖြစ်သော မားစ်၊ လက်အိတ်၊ ဘောဖိနပ် စသည်တို့ကို အသုံးပြုသင့်ကြောင်းနှင့် ကာကွယ်မှုမပါလျှင် ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း ဦးတူရယ်မှ ဆက်လက်ပြောကြားသွားသည်။

” ဓါတ်မြေသြဇာကို ဖောက်ပြီးတော့သုံးရမယ်လို့ပြောပေမဲ့ ဆိုင်တွေမှာဖောက်ပြီးတော့ပိဿာလိုက်ရောင်းတာတို့ ကျနောတို့တွေ့နေရတယ်။ ဒါကမဖြစ်သင့်တဲ့အရာတွေလို့ ကျနောထင်တယ် ဒါအန္တာရယ်သိပ်များတယ်။”ဟု ဦးတူရယ်မှ ပြောသွားသည်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ စစ်တမ်းကောက်ယူမှုအရ ကယားပြည်နယ်ရှိ တောင်သူအများစုသည် ဓါတ်မြေသြဇာကိုအသုံးပြုကြပြီး ဓါတုမြေသြဇာ အသုံးပြုမှုသည်၉၁ ရာခိုင်နှုန်းရှိပြီး အသုံးပြုမှုမရှိသည်မှာ ၉ ရာခိုင်းနှုန်းသာရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် သဘာဝမြေသြဇာ စနစ်တကျ ထုတ်လုပ်သုံးစွဲရေးဥပဒေကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်တွင် တရားဝင်ထုတ်ပြန်ပြဌာန်းပြီး ဖြစ်သည်။

September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...