အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ မြန်မာ့တပ်မတော်နှင့် RCSS ထိတွေ့မှု ဖြစ်

အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ မြန်မာ့တပ်မတော်နှင့် RCSS ထိတွေ့မှု ဖြစ်
 Photo by Tai Freedom/facebook
Photo by Tai Freedom/facebook

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း   မြန်မာ့တပ်မတော်နှင့် သျှမ်းတပ်မတော်(RCSS/SSA) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

မြန်မာ့တပ်မတော်၏ အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ တွင် မြန်မာ့တပ်မတော် စစ်ကြောင်း နှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ထိုးထားသည့် သျှမ်းတပ်မတော်  RCSS/SSA တို့  စက်တင်ဘာလ ၂၃ ရက် ယမန်နေ့က  ၁၅ မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

“ မနေ့က လွိုင်လမ် ကျေးရွာ နားမှာ တပ်မတော်နဲ့ ကျနော်တို့ ထိတွေ့မှုတွေဖြစ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဘက်က ကျနော်တို့ကို အကြောင်းမကြားဘဲတက်လာတော့   ထိတွေ့မှု ဖြစ်တာပါ။ ၁၅မိနစ်ပါပဲ” ဟု ဒု ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

မြန်မာ့တပ်မတော် နှင့် RCSS/SSA ဖြစ်ပွားသည့် ထိတွေ့မှု တိုက်ပွဲသည် အသေးစား တိုက်ပွဲဖြစ်ကာ နှစ်ဖက် တပ်သားထိခိုက်မှုမရှိကြောင်း၊ ယခုနှစ်အတွင်း မြန်မာ့တပ်မတော်နှင့် RCSS/SSA တို့ကြား မကြာခဏ ဖြစ်ပွါးသော ထိတွေ့မှု များသည်  အသေးစားတိုက်ပွဲများသာ ဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော် သည် စစ်တိုင်း ၅ ခု တွင် တဖတ်သက် အပစ်ရပ်ရေးကို ၂၀၁၈  ဒီဇင်ဘာလကစပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထိ ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နောက်ပိုင်း စစ်ဆင်ရေး လှုပ်ရှားမှု  ရပ်ဆိုင်းကြောင်းထပ်မံကြေငြာခြင်းမရှိခဲ့ပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...