ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ တွင် ဒေသခံလူထု ရက်ဆက်တိုက် မိုင်းနင်းမိနေ

ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ တွင် ဒေသခံလူထု ရက်ဆက်တိုက် မိုင်းနင်းမိနေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲတွင်ဒေသခံလူထု  ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့ က ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ ခင်းမ်မိုင် (ချုံးသစ်)ကျေးရွာအုပ်စု ခင်းမ်ကောင် (ချုံးဟောင်း) ကျေးရွာအနီး လက်ဖက် ခြံ သွားသည့်ရွာသားများ ၂ ကြိမ်ဆက်တိုက်မိုင်းနင်းမိရာ  အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဒဏ်ရာရသူများကို ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း ကျောက်မဲမြို့နယ်  လူမှုအဖွဲ့အစည်းများ ပြောပြချက် အရ သိရသည်။

“ မိုင်းငေါ့ ဘက်က မကြာခဏ မိုင်းနင်းမိတယ်။ သေတာတော့ သိပ်မရှိဘူး။ ဒဏ်ရာရတဲ့သူတွေပဲများတယ်” ဟု ကျောက်မဲ နမ့်ခုံး ပရဟိတအဖွဲ့ မှ လုံးစိုင်းကူး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

စက်တင်ဘာ ၂၁ ရက်နေ့က လင်မယား ၂ ဦးသည်လည်းကောင်း စက်တင်ဘာလ ၂၂ ရက်နေ့က အမျိုးသားတဦးသည်လည်းကောင်း မိုင်းများနင်းမိခဲ့ခြင်းဖြစ်ကြောင်းကျောက်မဲဒေသခံ လုံးစိုင်းကူး က ပြောသည်။

“၂၁ ရက်နေ့က မိုင်းနင်းမိတာက  အသက် ၃၅နှစ် အရွယ် စိုင်းအောင်မျိုးဝင်း   နဲ့ သူ့ဇနီး အသက် ၃၈နှစ် အရွယ် နန်းအေးဖြူပါ။ သူ့ယောက်ျားကကျောနဲ့ပေါင်မှာ ဒဏ်ရာရတာ။ မိန်းမဖြစ်သူကတော့   ဝမ်းဗိုက်ဇောင်းမှာ ဒဏ်ရာရတာ။  မိုင်းငေါ့ဆိုတာကတော့ တိုက်ပွဲတွေဖြစ်တဲ့နေရာ လက်နက်ကိုင်တွေများတဲ့နေရာပေါ့။ ဘယ်သူ့မိုင်းလဲဆိုတာတော့ ပြောဖို့ခက်တယ်လေ ” –  ဟု လုံးစိုင်းကူး ကပြာသည်။

လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူရှိသည့်နေရာ တွင် တိုက်ပွဲဖြစ်ခြင်း၊မိုင်းထောင်ခြင်း များ မပြုလုပ်ရန် တိုက်တွန်းလိုကြောင်းလည်း ကျောက်မဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ စစ်ဘက်ဆိုင်ရာက ဒါစစ်ရေး အလုပ်ဘဲလို့ ပြောပေမယ့် နင်းမိတာက အပြစ်မဲ့ပြည်သူလေ။ ဒါကြောင့်မိုင်းထောင်မယ်ဆိုရင် ပြည်သူတွေသွားလာတဲ့နေရာလေးတွေကို ရှောင်ရှားပေးစေချင်တယ်။ စစ်မဖြစ်စေချင်ဘူး။ လက်နက်ကြီးတွေ မိုင်းတွေ ရွာထဲနဲ့ ရွာအနီးပစ်တာချတာ မဖြစ်သင့်ဘူး။ မလုပ်သင့်ဘူး” ဟု စိုင်းထွန်းဝင်း က ပြောသည်။

ကျောက်မဲမြို့နယ် သည်တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ နေထိုင်သည့် နေရာ တခု ဖြစ်ပြီး၊ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေရာလည်းဖြစ်သည်။  တိုက်ပွဲ ၏နောက်ဆက်တွဲအကျိုးဆက်ဖြစ်သော မြေမြှပ်မိုင်းကြောင့် အရပ် သားပြည်သူ ထိခိုက်မှု လည်း အရမ်းများသည့်ဒေသတခုဖြစ်သည်။

တအာင်းလူငယ်များအဖွဲ့မှ အချက်အလက်စုစည်းချက်အရ ကျောက်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း  မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရသူ ဒေသခံ ၃၄ ဦး ရှိပြီး ထိုအနက် သေဆုံးသူမှာ ၁၀ ဦးရှိကြောင်း ယခုနှစ်စက်တင်ဘာလအတွင်းပင် မြေမြုပ်မိုင်းကြောင့် ကျောက်မဲမြို့နယ်တွင် ဒဏ်ရာရ ၄ ဦး သေဆုံးသူ ၄ ဦးရှိကြောင်း သိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...