ကျောက်မဲ နောင်ပိန်တွင် အမျိုးသမီးတဦး သတ်ခံရ ၊အလောင်း ပိုင်ရှင်မဲ့ဖြစ်နေ

ကျောက်မဲ နောင်ပိန်တွင် အမျိုးသမီးတဦး သတ်ခံရ ၊အလောင်း ပိုင်ရှင်မဲ့ဖြစ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ အနီးတွင် အမျိုးသမီး တဦး အသတ်ခံရပြီး၊ ယနေ့အချိန်ထိ အလောင်းမှာ ပိုင်ရှင်မဲ့ ဖြစ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅  ရက်နေ့က အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးသည် ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းအပိုင် လွိုင်လန်း လမ်းတွင် သတ်ခံထားရပြီး၊ လက်ရှိ အချိန်ထိအလောင်းမှာ ပိုင်ရှင်မဲ့ဖြစ်နေကြောင်း၊ သတ်ခံရသည့် အမျိုးသမီး၏ ဆွေမျိုးများကို ရှာဖွေနေကြောင်း နောင်ပိန်ရဲစခန်း မှ ရဲအုပ်သန်းထွန်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ အင်္ဂတေ နဲ့ ရိုက်ခံထားရတာ။ ဦးခေါင်းထိတယ်။ မျက်စိထိထားတယ်။ ဘယ်ရွာ က လဲဆိုတာတော့ မသိသေးဘူး။ ဓာတ်ပုံတွေနဲ့ ရွာတွေလိုက်ဖြန့်ထားတယ်။ နောင်ပိန် ပတ်ဝန်းကျင်က ဟုတ်၊ မဟုတ် မသိသေးဘူး။ တရားခံကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်” ဟု ရဲအုပ် သန်းထွန်း က ဆိုသည်။

လွိုင်လန်းလမ်း က ချုံပုတ်အတွင်း သေဆုံးနေသည့် အဆိုပါအမျိုးသမီးအလောင်းကို ကျောက်မဲ နမ့်ခုံး ပရဟိတ အသင်းမှ  ကျောက်မဲ ပြည်သူ့ဆေးရုံ ရင်ခွဲရုံ သို့ ပို့ဆောင်ထားကြောင်း၊ ထိုအလောင်း ပိုင်ရှင်များ သိရှိစေရန် လည်း နီးစပ်ရာ လူမှု အဖွဲ့အစည်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ပုံ နှင့်တကွ ဖြန့်ဝေပေးထားကြောင်း ကမ့်လင့်လက်များ လူမှုကူညီရေးအသင်း မှ ဦးနေအောင် ကပြောသည်။

“ အမျိုးသမီး တဦး အသတ်ခံရတာဟုတ်ပါတယ်။ အခု အလောင်းပိုင်ရှင်တွေ သိဖို့ အတွက် ကျနော်တို့ ဓာတ်ပုံတွေလိုက်ကူဖြန့်ပေးနေတယ်။ ဘယ်က အမျိုးသမီး ဆိုတာတော့ ပြောလို့မရသေးဘူး” ဟု ဦးနေအောင်ကပြောသည်။

အဆိုပါ အမျိုးသမီး သတ်ခံရသည့် အမှု နှင့် ပတ်သက်ပြီး နောင်ပိန်နယ်မြေ ရဲစခန်း တွင် (ပ) ၂၂/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှု ဖွင့်ထားပြီး အမှု အား ရဲအုပ်သန်းထွန်းမှ အသေးစိတ် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...