၅၉ (စ) တွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ် များအတွက်ပါထည့်သွင်းရန် တပ်မတော်ကိုယ်စားလှယ်တင်သွင်း

၅၉ (စ) တွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ် များအတွက်ပါထည့်သွင်းရန် တပ်မတော်ကိုယ်စားလှယ်တင်သွင်း

မြန်မာနိုင်ငံတော် သမ္မတ အရည် အချင်း ကန့်သက်ထားသည့် ၅၉ (စ) ပါပြဌာန်းချက်များကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့ တွင် တပ်မတော်သား ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ အရည်အချင်းများ နှင့် သက်ဆိုင်သည့် အခြေခံ ဥပဒေ ၅၉ (စ) ပါ ပြဌာန်းချက်ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းထားသည်ဟု ယနေ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အခြေခံ ဥပဒေ (၅၉) စ ပါ ပြဌာန်းချက်များကို ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ် များ အတွက်ပါ ထည့်သွင်း ပြဌာန်း ဖို့ အတွက် အခြေခံ ဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်း ကို တခုကို ဗိုလ်မှူးချုပ် မောင်မောင် ခေါင်းဆောင်သည့် တပ်မတော်သား လွှတ်တော်ကိုစားလှယ် (၁၄၄) ဦးက လက်မှတ်ရေးထိုး ထားပြီး ပြင်ဆင်ချက် ဥပဒေမူကြမ်းကို လွှတ်တော် ကိုယ်စားလှယ်များ လေ့လာနိုင်ရန် အတွက် ယနေ့ ဖြန့်ဝေလိုက်သည်။

ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ် များသည် နိုင်ငံတော် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားများ အရေး စသည့် အရေးအရာများတွင် နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရှိစေပြီး အနာဂတ် ယုံကြည်စိတ်ချမှုရှိစေရန်၊ နိုင်ငံတော် သစ္စာဖောက်မှု မခံရစေရန် ရည်ရွယ်ပြီး ဥပဒေ မူကြမ်း ကို တင်သွင်းခြင်းဖြစ်သည်ဟု ဖြန့်ဝေသည့် စာတွင်ရေးသားထားသည်။

ဆက်လက်ပြီး Foreign Connection ဟုခေါ်သည့် နိုင်ငံခြား နှင့် လျှို့ဝှက် ဆက်သွယ်မှု ကို တားဆီးနိုင်ရန် ပြည်တွင်းရေး တွင် ပြည်ပနိုင်ငံများ မှ ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်စေရန်၊ နိုင်ငံတော်၏ အရေးကြီး သည့် ပြည်ထောင်စု ဝန်ကြီး အဆင့် ပုဂ္ဂိုလ်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေသူ ဖြစ်သည့်အပြင် ပြည်သူများကို အပြန်အလှန် ယုံကြည်မှု ဖြင့် နိုင်ငံအကျိုးနှင့် နိုင်ငံတော် တိုးတက်ကြီးပွားရေး တို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စေရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...