ကျောက်မဲမြို့နယ် အတွင်း RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား

ကျောက်မဲမြို့နယ် အတွင်း RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် TNLA တို့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၁၆ ရက်ညနေပိုင်းက ကျောက်မဲမြို့ နယ် မိုင်းငေါ့မြို့နယ်(ခွဲ) ဟိန်းဝိုးရွာနှင့် ခင်းမ်ကောဝ် ကျေးရွာကြားတွင် မွန်းလွဲ ၂ နာရီခွဲတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖြင်းဖြစ်သည်။

TNLA တပ်မှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေချိန် RCSS တပ်ဖွဲ့မှ ထိုးစစ်ဆင် ဝင်ရောက်လာသည်ဟု တအာင်း(ပလာင်)တပ် မှ စက်တင်ဘာ ၁၆ရက် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ မနေ့က ကျနော်တို့ RCSS နဲ့ TNLA တိုက်ပွဲ ကနည်းနည်း ကြာတယ်။ ၁ နာရီကျော် ၂ နာရီ နီးပါးလောက် တိုက်ကြတယ်။ TNLA က ကျနော်တို့ တပ်ကိုလာပြီးပစ်တာပါ” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျောက်မဲမြို့နယ် အတွင်း RCSS နှင့် TNLA တို့သည် မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲများ လျော့ကျရေးအတွက် နှစ်ဖက် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ ဖြေရှင်းရန် အကောင်းဆုံးဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။

RCSS နှင့် TNLA တို့သည် ၂၀၁၅ ခုနှစ်က တိုက်ပွဲများ စတင်ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲဖြစ်ရခြင်းအကြောင်းရင်းကိုလည်း အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

“ မနေ့က RCSS နဲ့ TNLA ဖြစ်တဲ့ တိုက်ပွဲက တော်တော်ပြင်းတယ်ထင်တယ်။ အချိန်တော်တော်ကြာတယ်။ နေအိမ်ထိတာတွေ လူထိတာတွေတော့မရှိဘူး” ဟု မိုင်းငေါ့ ဒေသခံ အမျိုးသားတဦးက ပြောသည်။

အပစ်ရပ်ကြောင်းအဖွဲ့အစည်းအသီးသီးက ကြေငြာချက်များထုတ်ပြန်ထားသော်လည်း သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့်နမ့်ဆန်မြို့နယ်များအတွင်းမြန်မာ့တပ်မတော် နှင့် TNLA၊ RCSS နှင့် TNLA တို့ ကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...