ရခိုင်ပြည်နယ်တွင် မြို့၊ ရပ်ကွက်၊ ကျေးရွာများ တို့ချဲ့ခြင်း၊ ပယ်ဖျက်ခြင်းများပြုလုပ်

ရခိုင်ပြည်နယ်တွင် မြို့၊ ရပ်ကွက်၊ ကျေးရွာများ တို့ချဲ့ခြင်း၊ ပယ်ဖျက်ခြင်းများပြုလုပ်

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုတွင် မြို့၊ ရပ်ကွက်၊ ကျေးရွာများကို တိုးချဲ့ခြင်း၊ ပယ်ဖျက်ခြင်း၊ အမည်ပြောင်းလဲ ပြင်ဆင်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆိုသည်။

ထိုသို့ ဆောင်ရွက်သွားမည်ကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၁၉)တွင် သဘော တူညီကြပြီး ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ မှတ်တမ်းတင်ရန် စက်တင်ဘာ ၆ ရက်နေ့စွဲ ဖြင့်ပေးပို့ခဲ့ရာ စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့်အစည်းအဝေးတွင် မှတ်တမ်းတင်လိုက်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲမြို့နယ်၌ ရပ်ကွက် (၅)ခုပါဝင်သော လေးတောင်မြို့ တစ်မြို့တိုးချဲ့၍ ကျေးရွာ အုပ်စု (၃)ခုနှင့် ကျေးရွာ (၁၄) ရွာပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် (၆) ခု ပါဝင်သည့် တန်းလွဲရွာမမြို့ တစ်မြို့ တိုးချဲ့ခြင်းအပြင် ကျေးရွာအုပ်စု (၁) အုပ်စုနှင့် ကျေးရွာ (၄) ရွာ ပယ်ဖျက်ပြီး ကျေးရွာအုပ်စု (၁) ခုကို အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်သည်။

ယင်းအပြင် ကျောက်ဖြူခရိုင် အမ်းမြို့နယ်၌ ကျေးရွာ ၁ ရွာ တို့ချဲ့သွားမည်ဖြစ်သည်။

အလားတူ ကျောက်ဖြူမြို့နယ်၌ ရပ်ကွက် (၇) ရပ်ကွက် တိုးချဲ့ဖွဲ့စည်း၍ ကျေးရွာအုပ်စု (၂) ခုနှင့် ကျေးရွာ (၇) ရွာ ပယ်ဖျက်သွားမည်ဖြစ်သလို ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်လည်း ရပ်ကွက် (၆) ရပ်ကွက် တိုးချဲ့ပြီး ကျေးရွာအုပ်စု (၃)ခုနှင့် ကျေးရွာ (၁၆) ရွာ ပယ်ဖျက်သွားမည်ဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ရပ်ကွက် ၅ ခုပါဝင်သည့် နန်းမမြို့တစ်ခု တိုးချဲ့ ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...