အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင်ခံထားရသူတစ်ဦး သွေးအန်ပြီး ဆေးကုသမှုခံယူနေရ

အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင်ခံထားရသူတစ်ဦး သွေးအန်ပြီး ဆေးကုသမှုခံယူနေရ

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသော မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ ကိုစည်သူအောင် အသက် ၂၀ နှစ်သည် သွေးအန်သဖြင့် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်တွေဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ကိုစည်သူအောင် သွေးအန်ခြင်းသည် တပ်မတော်မှ ဖမ်းဆီးစဉ်ကာလအတွင်း နှိပ်စက်မှုများကြောင့် ဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောသည်။

“စစ်တပ်ကဖမ်းသွားတယ်။ တစ်နေ့တစ်နေ့ သူတို့ကိုရိုက်တယ်။ ပြီးရင် ရဲစခန်းကိုပို့တယ်။ သူတို့ကို မတရား ရက်ပေါင်းလေးဆယ်လောက် နှိပ်စက်တယ်။ ရှော့တိုက်တယ်။ ရင်ဘက်တွေကို ကန်ကျောက်တယ်။ အဲဒါကြောင့် ကျနော့်သား သွေးအန်လို့ ဆေးခန်းလာပြရတာ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ကိုစည်သူအောင်အပါအဝင် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ နာရေးကူညီမှုအသင်းမှ လူငယ် ၆ ဦးကို ပန်းမြောင်းကျေးရွာနှင့် ကျောင်းတောင်ကျေးရွာကြားရှိ သပေါ့စာ တဲစုတွင် ငှက်ဖျားမိနေသော လူနာတစ်ဦးအား မြောက်ဦးဆေးရုံသို့ပို့ဆောင်စဉ် တပ်မတော် ၅၄၀ တပ်ရင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၇ ဦးအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၅၂ (က) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

တပ်မတော်မှ နှိပ်စက်မှုများရှိသည်ဆိုသည့်အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုသည်။

“ကျွန်တော်တို့က အဲဒီလိုလုပ်တာမရှိဘူး။ ကျနော်တို့ မသင်္ကာလို့ ခေါ်ယူမေးမြန်းတယ်။ ပြီးတာနဲ့ ကျနော်တို့က ရဲကိုလွှဲပေးတာပဲ။ ကျနော်တို့က ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ဘာတစ်ခုမှမလုပ်ဘူး” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

မြောက်ဦးဒေသခံ ၇ ဦးမှာ လက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ကိုစည်သူအောင် သွေးအန်နေသည်မှာ တစ်လခန့် ရှိနေပြီဖြစ်သဖြင့် ထောင်မှခွင့်ပြုချက်ဖြင့် ဆေးကုသခံယူနေရခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောသည်။

လက်ရှိတွင် ကိုစည်သူအောင်မှာ ဒဏ်ရာများကြောင့် သွေးမကြာခဏအန်နေသဖြင့် စိုးရိမ်နေရကြောင်း ဖခင်ဖြစ်သူကဆိုသည်။

“ဒဏ်ရာအခြေအနေက မကောင်းဘူး။ မနက်ဆိုရင် ပါးစပ်တွေက သွေးတွေးအန်တယ်။ ချောင်းမဆိုးဘဲ အလိုလိုအန်တယ်” ဟု ဦးမောင်သောင်းအေးက ဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...