စစ်တွေမြို့ ကယ်ဆယ်ရေးတံတားအနီးမှ ဆိုင်ခန်း ၁၀ ကျော်ကို ဖယ်ရှားပေးရန် စည်/ပင်မှ အကြောင်းကြားထား

စစ်တွေမြို့ ကယ်ဆယ်ရေးတံတားအနီးမှ ဆိုင်ခန်း ၁၀ ကျော်ကို ဖယ်ရှားပေးရန် စည်/ပင်မှ အကြောင်းကြားထား

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆတ်ရိုးကျတံတားအနီးတွင်ရောင်းချနေသည့် ဆိုင်ခန်း ၀ ကျော်အား ဖယ်ရှား ပေးရန် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကြောင်းကြားလာသဖြင့် ဆိုင်ခန်းပိုင်ရှင်များ အခက်တွေ့ နေကြသည်။

၎င်းဆိုင်ခန်းများကို စက်တင်ဘာလ ၉ ရက်နေ့တွင်နောက်ဆုံးထား ဖယ်ရှားပေးရန်အကြောင်းကြားထားပြီး ဆိုင်ခန်းပိုင်ရှင်များမှ လတ်တလောဖယ်ရှားပေးရန် အခက်အခဲရှိကြောင်း ပြောကြသည်။

“အဆောင်ဆောက်တာကလည်း သူများဆီက အကြွေးဝယ်ပြီးဆောက်တာ။ အခု ဆိုင်ခန်းဖြိုရမယ်ဆိုတော့ အခက်အခဲလေးတွေရှိတယ်” ဟု ကုန်စုံဆိုင်ရှင် ဒေါ်နုနုယဉ်က ဆိုသည်။

ယခုဖယ်ရှားရမယ့် ဆိုင်ခန်း ၁၀ ကျော်မှာ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆိုင်ကယ်ပြုပြင်ဆိုင်၊ ကုန်စုံဆိုင်နှင့် ကွမ်းယာဆိုင်များပါဝင်သည်။

အဆိုပါ ဈေးဆိုင်ခန်းများ ဆောက်လုပ်ထားသောနေရာသည် ကျူးကျော်မြေများဖြစ်သဖြင့် ၎င်းနေရာများတွင် အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ရောင်းချခွင့်မပြုရန်အတွက် ဥပဒေနှင့်အညီ တားမြစ်ရခြင်း ဖြစ်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ဆိုသည်။

“လမ်းဘေးမှာ အခိုင်အမာတွေဆောက်လုပ်နေကြတယ်။ ယာယီပုံစံမျိုးရောင်းတာမဟုတ်ဘူး။ လူတွေနေတယ်။ နောက်အဲ့မှာ ချက်ပြုတ်စားသောက်နေထိုင်ကြတယ်။ ဖျက်တယ်ဆိုတာက တရားရုံးကဖျက်ခိုင်းမှ တရားရုံးက ဥပဒေနဲ့အညီ ဆက်လုပ်မှာ။ သွားပြီးတော့ ကိုယ်ထိလက်ရောက်တော့မလုပ်ဘူး ” ဟု ၎င်းကပြောသည်။

ဈေးဆိုင်ခန်းများဖယ်ရှားပေးရမည့် အကြောင်းကို ၂၀၁၉ သြဂုတ်လ ၁၀ ရက်နေ့က ပထမအကြိမ်အကြောင်း ကြားထားခဲ့ပြီး ယခု စက်တင်ဘာလ ၉ ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားပေးရန် ထပ်မံအကြောင်းကြား လာခြင်းဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

လက်ရှိတွင် ဆိုင်ခန်းများအားဖယ်ရှားပေးရန် အဆင်မပြေသေးသဖြင့် ပွင့်လင်းရာသီအချိန်တွင်ဖယ်ရှားပေး လိုကြောင်း ဆိုင်ပိုင်ရှင် ဦးမောင်ဘထွန်းက ဆိုသည်။

“ဒီဆိုင်လေးကိုအားကိုးပြီး သားတွေသမီးတွေကို စာသင်ပေးနေရတာ။ အခုလိုဖြိုမယ်ဆိုရင် စားဝတ်နေရေး အတွက် အခက်အခဲတော့ရှိတယ်။ အခုအချိန်မှာက ကုန်ကျစရိတ်တွေလည်းများနေတယ်။ မိုးကုန်လောက်ကို ရောင်းချခွင့်ရချင်တယ်” ဟု ဦးမောင်ဘထွန်းက ပြောသည်။

၎င်းဈေးဆိုင်ခန်းများ ဖယ်ရှားပေးရန် လိုက်နာဆောင်ရွက်မှုမရှိပါက စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေပုဒ်မ (၁၂) ပုဒ်မခွဲ(ဖ)အရ အပ်နှင်ထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ကျူးကျော်အဆောက်အအံများကို ဖျက်သိမ်းခြင်း၊ ဥပဒေပုဒ်မ (၁၅)၊ ပုဒ်မခွဲ(၆၆) ပုဒ်မခွဲ(ခ)အရ ကျူးလွန်သူ များကို တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...