စစ်တွေတက္ကသိုလ် ၂၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပ

စစ်တွေတက္ကသိုလ် ၂၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပ

စစ်တွေတက္ကသိုလ် (၂၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲတော်တို့ကို စက်တင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ စစ်တွေတက္ကသိုလ်၊ဘွဲ့နှင်း သဘင်ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

သုသေသနစာတမ်းဖတ်ပွဲကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ သုတေသနလုပ်ငန်း၌ စိတ်ဝင်စားစေရန် သုတေသနက ရရှိလာသည့် လက်တွေ့အသုံးချစရာ ရလဒ်များကို တိုင်းပြည်အတွက် အသုံးချနိုင်ရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ ဝင်းနိုင်ကပြောသည်။

“ဆရာ၊ဆရာမတွေရော ကျောင်းသား၊ကျောင်းသူတွေရော ဒီသုတေသနလုပ်ငန်းမှာ စိတ်ပါဝင်စားဖို့။ နောက်တစ်ခုက သုတေသနလုပ်ခြင်း၊ သုတေသနစာတမ်းရေးခြင်း၊ သုတေသနစာစောင်ဖတ်ခြင်း၊ သုတေသနဂျာနယ်ထဲမှာ ရေးသားခြင်းအားဖြင့် ဒီသုတေသနကို လုပ်ပြီးတော့ သုတေသနကရရှိတဲ့ လက်တွေ့အသုံးချရလဒ်တွေကို တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်း အသုံးချနိုင်အောင် ရည်ရွယ်ပြီးတော့ သုတေသနကို အားလုံးပါဝင်နိုင်ဖို့ပေါ့နော်၊ ပါဝင်အသုံးချနိုင်အောင် ရည်ရွယ်ပြီးတော့ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟုပြောသည်။

ယင်းအပြင် ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း စာမေးပွဲ ဖြေဆိုခါနီးနေပြီဖြစ်သဖြင့် ပျော်ပွဲ၊ရွှင်ပွဲ အဖြစ် တေးဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကိုပါ ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း ပါမောက္ခချုပ်က ပြောသည်။

“မနေ့ကတော့ သုတေသနစာစောင် စာတမ်းဖတ်ပွဲတွေလုပ်တယ်။ ဒီနေ့ကတော့ ဘာလုပ်လဲဆိုတော့ ကျောင်းသားတွေအားလုံးပျော်ပွဲ ရွှင်ပွဲအတွက် တေးဂီတ ဖျော်ဖြေပွဲတွေပေါ့နော်။ ဒီမှာ ဆိုတာတွေ ကတာတွေ ဌာနတွေရော ကျောင်းသား ကျောင်းသူတွေရော အဲဒါတွေကဆိုလို့ရှိရင် အဆိုတွေက စုစုပေါင်း ၂၄ ခုရှိတယ် ဆိုတဲ့ဖျော်ဖြေမှုတွေက၊ အကတွေကတော့ စုစုပေါင်း ၁၂ ခုရှိတယ်။ ဌာနတွေကရော အဆောင်တွေကရော ကကြတယ်။ အဲဒီအပြင်ကို ဈေးရောင်းပွဲ ဆက်ပြီးတော့ ဆရာတို့ပြုလုပ်ထားပါတယ်”ဟုလည်းဆိုသည်။

စစ်တွေတက္ကသိုလ်မွေးနေ့အထိမ်းအမှတ်ပွဲကို ယခင်နှစ်များက ကျင်းပခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းခြင်းဖြစ်ကာ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မွေးနေ့အထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပရန် လိုလားနေကြသည်။

“ကျွန်တော်တို့အနေနဲ့တော့ စစ်တွေတက္ကသိုလ်ရဲ့မွေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်စဉ်နှစ်တိုင်း ဆက်ပြီးတော့ ကျင်းပစေချင်တယ်။ ဘာလို့ဆိုတော့ ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ရိုးရာ အစားအသောက်တွေကို ကျွန်တော်တို့ ဖော်ထုတ်သွားမယ်။ ရိုးရာအကတွေကို ဖော်ထုတ်သွားမယ်။ ပဒေသာကပွဲရှိတယ်ဆိုရင်လဲ ပဒေသာကပွဲနဲ့တွဲပြီးတော့ ကျင်းပစေချင်ပါတယ်”ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေးက ပြောသည်။

စစ်တွေတက္ကသိုလ်ကို ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရခိုင်ပြည်နယ်၏ တစ်ခုတစ်တည်းသော တက္ကသိုလ်လည်းဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...