ကျောက်တော်မြို့မှ စိုက်ပျိုးစရိတ်ချေးငွေ အခက်အခဲဖြစ်နေသူများကို စက်တင်ဘာလအတွင်း ထုတ်ချေးမည်

ကျောက်တော်မြို့မှ စိုက်ပျိုးစရိတ်ချေးငွေ အခက်အခဲဖြစ်နေသူများကို စက်တင်ဘာလအတွင်း ထုတ်ချေးမည်

ကျောက်တော်မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်သွားသဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူမည့် တောင်သူများအခက်အခဲဖြစ်ပေါ်ခဲ့သည့်အတွက် တခြားနည်းလမ်းတစ်မျိုးဖြင့် တောင်သူများကို စက်တင်ဘာလကုန်အထိ အချိန်မီထုတ်ချေးပေးနေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သိရသည်။

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူရာမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက စိစစ်ထောက်ခံပေးမှ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ယူရပြီး ကျောက်တော်မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်သွားသည့်အတွက် ချေးငွေထုတ်ယူရန် ထောက်ခံပေးမည့်လူ မရှိသဖြင့် ချေးငွေထုတ်ချေးမှုကို ခေတ္တ ဆိုင်းငံ့ထားခဲ့သည်။

ယင်းအခက်အခဲကို ဖြေရှင်းနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်ပေးမှုအရ ကျေးရွာအုပ်ချုပ်ရေးမှူးအစား ရပ်မိ၊ရပ်ဖတစ်ဦးကို တာဝန်ယူလက်မှတ်ရေးထိုးစေပြီး ချေးငွေထုတ်ချေးမှုကို ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

“ကျောက်တော်မြို့နယ်ရဲ့ ချေးငွေထုတ်ချေးခြင်းလုပ်ငန်းများကို မြို့နယ်အကြံပေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဖြင့် အဆိုပါနည်းလမ်းအတိုင်း ဆက်လက်ပြီးတော့ အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရန် ညွှန်ကြားထားရှိပြီး ဖြစ်ပါကြောင်းနဲ့ မိုးချေးငွေထုတ်ချေးရေးကာလဖြစ်တဲ့ ၂၀၁၉ခုနှစ် စက်တင်ဘာလ ကုန်အတွင်းမှာ အချိန်မီ ဆက်လက် ထုတ်ချေးပေးသွားနိုင်မှာ ဖြစ်ပါတယ်”ဟုပြောသည်။

ကျောက်တော်မြို့နယ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၈၃၅၆၅)သိန်းခွင့်ပြုပေးထားပြီး စက်တင်ဘာလ ၄ ရက်နေ့အထိ ကျေးရွာအုပ်စု ၈၀ အုပ်စုရှိ တောင်သူ ၈၀၀၀ ကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်သည်။

ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ပထမပတ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါး နှုတ်ထွက်သွားသဖြင့် ချေးငွေထုတ်ယူရာ၌ အခက်အခဲဖြစ်ပေါ်ခဲ့သည်။ ယင်းကြောင့် မိုးစပါးစိုက်ပျိုးချိန် ချေးငွေရရှိရေးအတွက် တောင်သူများကည တောင်းဆိုခဲ့ကြသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...