ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပြီး နေအိမ်များမီးလောင်၊ ကျေးရွာသားများထွက်ပြေးလျက်ရှိ

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပြီး နေအိမ်များမီးလောင်၊ ကျေးရွာသားများထွက်ပြေးလျက်ရှိ
ဓာတ်ပုံ - သျှင်ထွီးခိုင် ဖေ့စ်ဘုတ်
ဓာတ်ပုံ - သျှင်ထွီးခိုင် ဖေ့စ်ဘုတ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့၌ လက်နက်ကြီးကျရောက်ပြီး နေအိမ်များမီးလောင်လျက်ရှိကြောင်း သိရသည်။

ဥယျာဉ်သာကျေးရွာတွင် မီးလောင်လျက်ရှိသည်ကို ဖုံညိုလိပ်ကျေးရွာမှမြင်တွေ့နေရကြောင်းနှင့် နေအိမ် မည်သည့်နှစ်လုံး မီးလောင်ကျွမ်းနေသည်ကို မသိရှိရကြောင်း ဆင်သေပြင်ကျေးရွာမှ မာမတ်တော်ယုတ်က ပြောသည်။

“ဘယ်ကပစ်လို့ မီးလောင်တာလည်းဆိုတာ ကျနော်တို့လည်းမသိဘူး။ နေ့စဉ် လက်နက်ကြီးပစ်နေတာကတော့ ၅၅၁ တပ်ရင်းကပစ်နေတာ။ ဒီနေ့တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ဆင်သေပြင်ကျေးရွာတွင်လည်း သြဂုတ်လ ၂၈ ရက်နေ့က လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် မွတ်ဆလင် အမျိုးသမီးနှစ်ဦးဖြစ်သည့် မရော်တာဘေကင် ၂၀ နှစ်နှင့် မလိုင်လာဘကွင် ၁၈ နှစ်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာသားများမှာလည်း ဖုံညိုလိပ်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ယခု လက်နက်ကြီးပစ်ခတ်မှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်ဇော်ဦးကို DMG မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ယနေ့ နေ့လည်ပိုင်းတွင် တပ်မတော်ဘက်မှ ဥယျာဉ်သာကျေးရွာအတွင်း သေနတ်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များကိုမီးရှိုးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“အဲ့မှာတိုက်ပွဲဖြစ်တာတွေ ဘာမှမရှိဘူး။ စစ်တပ်ကနေပြီးတော့ ဒီနေ့လည်မတိုင်မီ အဲဒီရွာကို ပထမ လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ပြီးတော့ မြေပြင်တပ်ဖွဲ့တွေကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ထပ်ပစ် ပြီးတော့ ရွာကိုဝင်ပြီးမီးရှို့တာ။ အဲဒီရွာထဲကလူတွေက အရင်ကတည်းကပြေးနေကြပြီ။ လူမရှိတဲ့ရွာကို အဲ့လိုမျိုး ဝင်ပြီးတော့မှ မီးရှို့တာဗျ” ဟု ခိုင်သုခကဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်ရှိ ၅၅၁ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဥယျာဉ်သာကျေးရွာနှင့် ဆင်သေပြင်ကျေးရွာတို့မှ နေအိမ် ၅ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာ၊ နွားရုံတောင်ကျေးရွာ၊ သရက်ပြင်ကျေးရွာ စသည့်ကျေးရွာများမှာ ကျေးရွာသား ၈၀ ဦးခန့် ယနေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးရောက်ရှိလာခဲ့ကြသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...